Tuesday, May 26, 2020

KIA စစ်မြေပြင်သို့ဒို့တိယအကြိမ်


ဒီတခေါက်သည် ပထမတိုက်ပွဲနှင့်မတူဘဲ မြန်မာစစ်သားများ၊အလစ်ပစ် ambush ဖြင့်ပစ်မည့်တိုက်ပွဲဖြစ်သည်။အချိန်သည် ကချင်ပြည်၏ရက်ဆက်လှသောမုတ်သုန်မိုးရာသီတွင်ဖြစ်၍ နေ့ညမနားစစ်ကြောင်းထွက်ရသည်။
ညသည်အလွန်မှောင်မဲလျက် လနှင့်ကြယ်များမြင်စရာလုံးဝမရှိ။ဖြတ်ကျော်ရသောတောလမ်းများသည် အလွန်ကျင်းမြောင်းပြီး ရွံ့ဗွေ့အပြည့်၊ဓာတ်မီးသုံးခွင့်မပြု၊အကြိမ်ကြိမ်ချောလဲ၊အကြိမ်ကြိမ်ပြန်ထကာ ambush လုပ်မည့်နေရာအရောက် အံကြိတ်ပြီးသွားရသည်။ ခရီးသည်အလွန်ကြမ်းတမ်းလှသည်။
ညသန်းခေါင်ကျော်တွင် နေရာယူရာမည့် တောင်ကုန်းကြီးသို့ရောက်ခဲ့ရာ commander ချပေးသည့်နေရာတွင် ဂတုတ်ကျင်းတူးပြီးနေရာယူကြသည်။မြန်မာစစ်သားများလျှေက်လာမည့်လမ်းဘက်ကိုမျက်နှာမူပြီး သေနတ်မောင်းတင်ကာ တိတ်ဆိတ်စွာအဆင်သင့်စောင့်နေကြသည်။ဒီလိုမျိုးကိုယ်ကျိုးစွန့်စစ်တိုက်ရတာ စိတ်ထဲကမဖော်ပြတတ်လောက်အောင်ပီတိဖြာနေမိတာအမှန်ပါ။
မနက်ပိုင်း၂နာရီအချိန်လောက်တွင် ရှေ့ဆုံးမှ သေနတ်စပစ်သံကြားသည်နှင့် တစ်ပြိုင်တည်း၊အားလုံးလမ်းမကြီးဖက်ကို ရည်ညွန်းပြီး ပစ်ကြသည်မှာ ကျည်ဆံများပျံသန်းနေသည့်ပမာ မီးတောက်လေးတွေ၊ကျည်‌ငွေ့အနှံ့၊ယမ်းခိုးများနှင့်တ‌ တောင်လုံး ဖုံးအုပ်ပြီးအလွန်ဆူညံလှသည်။စိတ်ထဲမှာ၊ရန်သူများ လုံံးဝလွတ်ဖွယ်လမ်းမရှိဟုထင်မိသည်။၅မိနစ်ကြာလောက် မရပ်တန်းပစ်ကြပြီးနောက်၊ပီပီ သံကြားပြီး အပစ်ရပ်ခိုင်းကာ၊နောက်ဆုတ်ဖို့ အမိန့်သံကြားပြီး၊အမြန်ထပြေး၊ဆုတ်ခွာရတော့သည်။
မိုးထဲလေထဲမနားတန်း‌ပြေးကြပြီး၊လုံခြုံသည့်နေရာရောက်မှ၊နောက်ဆုတ်ရသည့်အကြောင်းပြောပြသည်မှာ၊ ကျွဲတစ်ကောင်ကိုရန်သူထင်ပြီး point ပစ်သူကမှားပစ်သောကြောင့်ဆုတ်ခွာရခြင်းဖြစ်သည်။ နောက်တွင်သတင်းရသည်ကား ရန်သူများရောက်ခါနီးလေး၊သေနတ်သံကြားတာနှင့် ပြန်လှည့်ကြကြောင်းသိရသည်။ ညနားမည့်နေရာတွင် ကျွန်‌ တော်ကင်းစောင့်တာဝန်ပြန်ကြသည်။ မိုးကလည်းမစဲနိုင်။မိုးရွာထဲမိနစ်၃၀ အတွင်းထမင်းအပြီးစီးချက်စားရသည်မှာ အမိန့်ဖြစ်သည်။ကင်းစောင့်ရင်း၊ ခြင်နှင့်ဖြုတ်များအကိုက်ခံရသည်လည်းမလွယ်ကူလှပါ။
နောက်နေ့မနက်ခရီးဆက်ကြရာ၊နေကလေးထွက်လာသည်မို့ တော်သေးသည်။ လမ်းတော့တအားချောနေဆဲ။ ချင်းရဲဘော် အသက်အငယ်ဆုံး ၁၆ နှစ်သာရှိသော Sui Kung သည် ငှက်ဖျားတအားတက်ပြီး လမ်းမလျှောက်နိုင်တော့သဖြင့် အလှည့်ကျထမ်းရသည်။အလွန်ပင်ပန်းသော်လည်း၊သူ့ခင်ဗျားအားမငယ်အောင်အားပေးရသည်။ လမ်းတစ်လျှေက်လုံး မျှော့်တွေကလည်း ရှိသမျှသွေးတွေစုတ်ကြသည်မှာမလွယ်လှခြေ။
နောက်ည၊လမ်းညအိပ်သည့်နေရာ သန်းခေါင်ကျော်လောက်မှာ၊ Pa Luai က ငါ့ကိုလာနိုးပြီး Sui Kung ဆုံးသွားသည့် အကြောင်းလာပြောတော့ မထိန်းနိုင်ဘဲ အားလုံးငိုကြသည်။ မိုးသဲသဲလေးထဲ မြေတူးပြီး plastic မိုးကာလေးဖြင့်ရစ်ကာ သူ့အလောင်းကိုမြေမြိုတ်ရသည်မှာ မလွယ်ကူလှပါ။ သူသိပ်ချစ်သော သူ့လူမျိုးအတွက်အသက်စွန့်သွားသည်။ အဲဒီညဆက်ပြီးအိပ်လို့မရတော့ပါ။
ဤအခေါက်မှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း၊သင်တန်းမှာလည်းအတူစားအတူအိပ်၊ရဲဘော် Mawi Li Lian (U Mawilan)လည်း post ရောက်ပြီး ဆုံးသွားကြောင်းနောက်မှသတင်းကြားရသည်မှာ ဝမ်းနည်း ‌ကြေကွဲယူကျုံးမရဖြစ်ခဲ့သည်။ သူတို့ကဲ့သို့ ရဲဘော်ဘယ်နှစ်ယောက်အသက်စတေးရအုန်းမည်မှာမတွေးဝံ့စရာပါ။

No comments: