Friday, May 22, 2020

KIA Jingphaw မြေကိုနှုတ်ဆက်ခြင်း


KIA နယ်မြေမှာ ၂ နှစ်လောက်စစ်ပညာသင်ယူပြီး၊ချင်းပြည်သို့ပြန်ဖို့ အချိန်ရောက်လာသည်။ဒီ၂နှစ်ကာလအတွင်း ကွျန်တော်သည် ရှေ့တန်းမှာ၁နှစ်၊တိုက်ပွဲ၃ပွဲနှင့်သင်တန်းကွင်းမှာ သင်တန်းဆရာအဖြစ်၁နှစ်နေရသည်။သင်တန်းဆရာ သင်တန်းတက်တုန်းက KIA, PRO ပ‌လော၊နှင့်ABSDF ကျောင်းသားတပ်များနှင့်အတူတက်ကြသည်မှာတကယ့်ကိုဂုဏ်ယူစရာဖြစ်ပါသည်။
Feb. ၅ရက်နေ့သည်ကချင်တော်လှန်ရေးေန့ (Manaw) ပွဲတော်ဖြစ်၍၊ KIA ဌာနချုပ်(Laiza) တွင်ပျော်ပျော်ပါးပါးဆင်နွဲကြသည်မှာယနေ့ထိတိုင် မမေ့နိုင်တော့ပါ။ အသား‌ဖြူဖြူ‌ေဖွး‌ေဖွးကချင်မ‌ေလးများနှင့်ကချင်ဓါးမကြီး‌ေမြှာက်ပြီးမနှော်အကအတူတူကကြပုံ၊မျက်စိထဲပြန်မြင်ယောင်မိသည်။
၁၉၉၁ Feb. 12ရက်ညနေပိုင်းတွင် KIA မှနှုတ်ဆက်ပွဲ ကြီးကျယ်သိုက်မြိုက်စွာကျင်းပပေးသည်။ အစားအသောက်မျိုးစုံ၊တေးဂီတတို့ဖြင့်ဖျော်ဖြေရာ ငါလည်း တချိန်တုန်းကအလွန်ခေတ်စားခဲ့တဲ့ကိုသန်းနိုင်ရဲ့ကောပီသီချင်း"လမ်းဆက်လျှေက်မယ်"ဆိုဖြစ်ခဲ့သည်။အားရပါးရကသလားတော့မေးမနေတော့နှင့်။‌ေတာ်‌လှန်‌ေရးသမားများ "sianglawt phianla"အတွက်ပျော်စရာအကောင်းဆုံးအချိန်လေး‌ေတွပါ။
Feb.၁၄ရက်သည် ချင်းပြည်ပြန်မယ့်ရက်ဖြစ်သည်။မနက်၃နာရီတိတိတွင် KIAဌာနချုပ်မှ အသစ်သောအိပ်မက်ပေါင်းများစွာနှင့်ကချင်ပြည်ကြီးကိုနှုတ်ဆက်ခဲ့သည်။ ဂိတ်ကနေထွက်ခါနီး ဂိတ်စောင့်KIAရဲမေ၂ဦးမျက်ရည်ကျ၊ငိုယိုတာမြင်တော့ ငါလည်းရင်ထဲကငိုနေမိတာအမှန်ပါ။ရည်းစားမထားလို့တော်သေးသည်။နို့မို့ရင်ခံနိုင်ရည်ရှိမည်မထင်ပါ။
၂နှစ်လောက်KIA မှသင်ယူသောစစ်ပညာနှင့်ဘဝအတွေ့အကြုံများသည်တန်ဘိုးကြီးလှ၏။KIA အပေါ်ကျေးဇူးတင်လို့မဆုံးနိုင်ပါ။
သင်ယူထားသောစစ်ဗျုဟာနှင့်ပညာများ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးအတွက် အပြတ်အသုံးချမည့်နေ့တွေကို လက်ချိုးရေတွက်ရင်း Pajau Bum ကြီးကိုနှုတ်ဆက်လိုက်ပါသည်။
အိမ်အပြန်လမ်းသည်ပို၍အန္တရာယ်များသည်။ KIAတပ်မှလမ်းပြပို့ဆောင်သည်။မြန်မာစစ်သားများရှောင်ရင်းနှင့်သွားကြတော့ခရီးနှောင့်နှဲလွန်းသည်။ မိုးရာသီနှင့်ပြန်ဆုံနေတော့၊ခြေထောက်၊သဲဝဲစားခံရကာ လမ်းပြင်ကောင်း‌ကောင်း‌မလျှောက်နိုင်သည့်အခြေ‌နေရောက်သွားသည်။တုပ်ချောင်းကိုကိုင်ပြီးမှသွားရသည်။ဘယ်လောက်နာကျင်လေဆိုရင်တော့ပုရွက်ဆိတ်လေးခြေဖဝါးထိရင်တောင် ထအော်ခြင်လောက်အောင်နာကျင်စူးရှလှသည်။
မြောက်များစွာသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ကျေးဇူးတော်ကြောင့်၁၉၉၁မေလတွင်KIA ၏အ‌ေနာက်ဘက်အစွန်ဆုံးစခန်း Dgum ကိုရောက်ခဲ့သည်။ရှေ့ဆက်ရမည့်ခရီးသည် အမြင့်ပေ၆၀၀၀နှင့်၉၀၀၀ကြားရှိ‌ေသာနာဂန‌ေတာင်တန်းကြီးများဖြစ်သည်။ဒီတောင်တန်းကြီများ၊ဆက်လက်ကျော်ဖြတ်ရအုံးမည်။....

No comments: