Friday, May 22, 2020

နာဂတောင်တန်းကြီးများဆီသို့...



KIA စခန်း Dgum တွင်တစ်ပတ်လောက်နား၊အားအင်တွေပြန်စုပြီး၁၉၉၁မေလ၂၀တွင်လှေ၁၀စီးဖြင့် တနိုင်းမြစ်တလျှောက်စုန်စီးကြရာ၊‌ေရစီးတအားသန်လွန်းလို့ငါတို့စီးသောလှေမှောက်ပြီး၊မနည်းပြန်ဆယ်ရသည်။ကျေးဇူးတော်ကြောင့်တစ်ယောက်မှဒဏ်ရာမရကြ။
နေ့လည်ပိုင်းလောက်မှာတနိုင်းနှင့်ချင်းတွင်းမြစ်ဆုံတဲ့နေရာရောက်ဖြစ်သည်။‌စိတ်ရှည်ရှည်ဖြင့်မြန်မာစစ်‌ကြောင်းများရှောင်ရှားပြီး၊နာဂတောင်တန်းကြီးဖက်နီးကပ်လာကြသည်။ဝန်ထုပ်ဝန်ပိုးကိုယ်စီီဖြင့်နာဂတောင်တန်းကြီးများတက်ရသည်မှာသိပ်တော့မသက်သာလှပါ။
နာဂကောင်စီခေါ်NSCNဌာနချုပ်ဖက်ဦးတည်ပြီးခရီးဆက်နေခြင်းဖြစ်သည်။နာဂကောင်စီဌာနချုပ်တွင် ALP ရခိုင်၊ULFA နှင့်KNA ကူကီးစသဖြင့်တော်လှန်ရေးအဖွဲ့အသီးသီးတို့လည်းစခန်းချ‌ပြီး ယာယီနေထိုင်ကြသည်။
နာဂကောင်စီနေရာသည် အစားအစာ အလွန်ရှားပါးသောဒေသဖြစ်သည်။တပ်စုတစ်စုလူ၅ယောက်စာအတွက်ဆန် နို့ဆီဗူးတစ်ဗူးဘဲခွဲတမ်းရသည်။ထို့ကြောင့့််အိုးကြီးကြီးထဲမှာရေအပြည့်ထည့်ပြီး ဌက်ပျော်သီးပင်ထဲကအပင်နုုလေးတွေရောပြီးဆန်ပြုတ်ပုံစံဖြင့်မသေရုံတမေစားရသည်။အစာငတ်ခြင်းဒဏ်ကိုကောင်းကောင်းသဘောပေါက်ခဲ့သည်။
ဆန်ရှားပါးလွန်းလို့တခါတလေIndia နယ်စပ်ဖက်မှာ ဆန်သွားဝယ်ရသည်။‌တနေ့တော့ဆန်ထမ်းဖို့သွားကြရင်း India စစ်သားများ နှင့်တွေ့ကာ အားလုံးအဖမ်းခံရသည်။နယ်စပ်ရှိ့သူတို့ဌာန၏ အချုပ်ခန်းတွင်အချုပ်ခံရသည်။သို့သော်ရိုက်တာမျိုးမရှိ၊ထမင်းဝဝလင်လင်ကျွေးထားတာကိုတောင်ကျေးဇူးတင်ရမလိုလိုဖြစ်နေသည်။လုပ်စရာမရှိနေ့ညအိပ်လိုက်စားလိုက်ဆိုတော့၊ကိုယ်အလေးချိန်တောင်တက်နေကြသည်။
ဘယ်နှစ်ရက်ကြာနေသည်တော့မမှတ်မိတော့ပါ။တစ်ညနေစောင်း၊စစ်ကားကြီးများနှင့်ခေါ်ဆောင်သွားကြကာ၊ရင်တထိတ်ထိတ်နှင့်လိုက်ပါခဲ့ကြသည်။နောက်ဆုံးတော့နယ်စပ်မှာချထားပြီး၊ပြန်လွတ်လာကြသည်။ပြန်လွတ်လာလို့ဝမ်းသာကြပေမဲ့လည်း စိတ်ထဲမှာတော့၊"ပြန်ငတ်အုံးမှာပါလာ" ဆိုတဲ့အတွေးလေးဝင်လာတော့၊ဝမ်းနည်းမိကြသည်မှာညာလို့မရပါ။
အဲဒီတုန်းကအစာငတ်လွန်းလို့၊ငါတို့အရေပြားသည်မြွေအရေခွင်နှင့်ပင်သွားတူတော့သည်။အချိန်‌‌ေတွလည်းတဖြေးဖြေးကုန်လွန်ပြီး၊၁၉၉၁ Christmas နှင့်နှစ်သစ်ကူးပွဲ သည်နာဂကောင်စီမှာဘဲ၊တခြားသောတော်လှန်ရေးအဖွဲ့များနှင့်ကျင်းပခဲ့သည်။ဒို့အဖွဲ့လည်း We are the world သီချင်းသီဆိုကြတာကောင်းမှကောင်းလို့ထင်မိသည်။ပွဲအပြီးတဲထဲပြန်လာတော့အိမ်ကို သိပ်သတိရလို့ တိတ်တခိုးလေးငိုမိသည်။ဒါ‌ေပမဲ့အားတင်းပြီး နှစ်သစ်နှင့်အတူ‌ေမျှာ်လင့်ခြင်းသစ်များ‌ေမွးဖွားလာခဲ့သည်။ဤ‌ေနရာတွင်ဘယ်လောက်ကြာအုံးမည်မသိ‌ေတာ့ပါ။.....

No comments: