Tuesday, May 26, 2020

မမေ့ရက်နိုင်သော မွေးရပ်မြေ....




ဆောင်းဦးရာသီအချိန်ဖြစ်၍ ဖလမ်းမြို့သည် မြူခိုး၊မြူနင်းများဖြင့် ချမ်းစပြုလာသောအချိန်ဖြစ်သည်။ အချိန်သည် ညနေဆောင်း နေဝင်ချိန် ခါ နီးဖြစ်ပြီး၊တဖြေးဖြေး အေးလာပြီး၊ဌက်ကလေးတွန်သံ လေးတွေ ‌တဖြေးဖြေး တိတ်ဆိတ်လာသည်။

ဖလမ်းရဲ့ဆောင်းလေညင်းလေး အသာလေး ရိုက်ခတ်လာစဉ် ဆလိုင်းနှင့်မိုင်သည် Vankau တောင်ရဲ့တဖက်စွန်းမှာ Lumbang နှင့် Vaar မြစ်ကြီးဘက် မျက်နှာမူပြီး၊ ချစ်စကားပြောရင်းကြည်နူးနေကြသည်။ အချိန်သည် ၁၉၈၇ ဒီဇင်ဘာလ၊ကော်လိပ်ကျောင်းသားများ ပြည်မဖက်သို့ ကျောင်းတက်ဖို့ သွားနေကြခိုက် အချိန်ဖြစ်သည်။ ဆလိုင်းလည်း သွားချိန်ကျပြီဖြစ်ပေမဲ့ မိုင်နှင့်မခွဲရက်‌သေးကြောင့် မသွားနိုင်သေးဘဲ အချိန်ဆွဲနေခြင်းဖြစ်သည်။

မိုင်သည် ‌ဆလိုင်းကိုကြည့်ပြီး၊"ကိုဆလိုင်း ရန်ကုန်ရောက်ရင်၊ကောင်မလေး ချောချောလေးတွေ တွေ့ပြီး၊မိုင်ကိုမေ့သွားမှာ တအားစိုးရိမ်တယ်" ဆိုပြီး ခပ်နွဲ့နွဲ့လေးနှင့်ပြောလိုက်ရာ၊ ဆလိုင်းကလည်း "မိုင်‌ရယ် ဆလိုင်းဟာ အဲလိုယောကျာ်းမျိုး မဟုတ်ဘူး၊ သစ္စာရှိရှိ ကိုဆလိုင်းကိုစောင့်ပြီး ကျောင်းပြီးရင် လက်ထပ်ကြမယ်" လို့ မိုင်ရဲ့သွယ်လျနေသောလည်ပင်းလေးကို ကြင်နာယုယစွာ ပွေ့ဖက်ရင်းနှင့် ပြောပြနေသည်။

သူတို့၂ဦး ချစ်ကြိုက်ကြသည်မှာ ကြာပြီးဖြစ်သောလည်း အသက်ငယ်ကြသေးသည်မို့ မိဘမသိအောင်ဖုန်းဖိထားကြသည်မှာ အမော။ ဆလိုင်းသည် မနက်ဖြန် ထွက်ရတော့မည်ဖြစ်၍ U Kemsi တို့အိမ်ရှေ့ ကားဂိတ်တွင် လာနှုတ်ဆက်ဖို့ မိုင့်ကိုပြောပြရာ၊ မိုင် ပြန်ပြောလိုက်သည်မှာ "ကိုဆလိုင်းရေ၊ သိပ်လိုက်နှုတ်ဆက်ခြင်တာပေါ့၊ဒါပေမဲ့ ဆလိုင်းမိဘတွေ မြင်ရင် ရှုပ်နေအုံးမယ်" လို့ ပြန်ဖြေရာ၊ ဆလိုင်းလည်း ဘယ်လိုပြန်ပြောရမှန်း မသိတော့ဘဲ မိတ်ကပ်လုံးဝ လိမ်းစရာမလိုဘဲ သဘာဝဖြင့် လှပမို့အိနီရဲ နေသော မိုင်ရဲ့ပါးပင်လေးတွင် ကျဆင်းလာသည့် နွေးထွေး‌နေတဲ့မျက်ရည်စလေး တွေကို အေးစက်နေသော သူ့လက်ဖြင့် ကြင်နာစွာ သုတ်ပေးလိုက်သည်။

နှစ်ယောက်လုံး စကားမပြောကြဘဲ၊ ခဏငြိမ်နေပြီး၊ ဆလိုင်း က "မိုင် ဒို့၂ယောက်အချစ်ကို ဘယ်သူမှ ခွဲနိုင်မှာမဟုတ်ဘူး၊ သစ္စာရှိရှိ နေကြမယ်နော်" လို့ ပြောရင်း မိုင်ကလည်း "ကိုဆလိုင်း မိုင့်ဘဝမှာ အကိုကလွဲလို့ ဘယ်သူမှမချစ်နိုင်တော့ဘူး.."လို့ ပြောရင်း စကားမကုန်ခင်၊ နှင်းဆီပန်းလေးလို နီရဲမို့အိနေသော မိုင့်နှုတ်ခမ်းလေးကို အားရပါးရ နမ်းပစ်လိုက်သည်။ မိုင်ရဲ့နှုတ်ခမ်းနီ အနံ့လေးသည် ဈေးအပေါဆုံးအမျိုးအစားဖြစ်သော်လည်း ဆလိုင်းအတွက်မူ ‌တန်ဘိုးမဖြတ်နိုင်တဲ့ရတနာသဖွယ် မွှေးကြိုင်လွန်းလှသည်။

ထိုအချိန်တွင် ဖလမ်းမြို့သည် မီးစလင်းပြီး၊နှင်းခိုးလေးများနှင့် တအားလှပ၍၊စိတ်ကြည်နူးစရာဖြစ်သည်မှာ အမှန်ပင်။ ဆေးရုံဖက်က လူငယ်တချို့သည်လည်း၊ မြို့ထဲဈေးသစ်တန်းဘက်သို့ video ကြည့်ရန်သွားနေကြသည်။

နောက်နေ့ မနက်စောစော၊ ဖလမ်းမြို့လမ်းဆုံ၊ ဦးKemsi အိမ်နားတဝိုက်သည် ကလေးသို့သွားမည့်ကား‌များ၊ ကားဟွန်းတီးသံများ၊ တချို့ကားစက်မနိုးနိုင်သဖြင့် ဈေးသစ်လမ်းမကုန်းဆင်းဘက်သို့ဆင်းပြီး jump start လုပ်သူကလုပ်၊ ခရီးသွားမည့်လူ၊ လိုက်ပို့သည့်လူမျိုးစုံဖြင့် ဖလမ်းမြို့၏ဆောင်းနံနက်ခင်း ကြိုဆိုကြသည်မှာ စည်ကားသိုက်မြိုက်လှပေသည်။

ဆလိုင်းသည် စိတ်မပါဘဲနှင့် RTC ခေါ် ကားဟောင်းကြီးပေါ်တက်ပြီး နေရာယူလိုက်သည်။ အဲဒီခေတ်တုန်းက line ကား၊bus တို့ မရှိသေး။ ဆလိုင်းသည် မိုင် များလာနုတ်ဆက်မလားဆိုပြီး၊ မျက်စိဖြင့်လိုက်ရှာဖွေနေသော်လည်း မတွေ့။ ကားစထွက်ခါ၊ Cinmual ကျော်ပြီး၊ Zamual ရွာ ရောက်ခါနီးတွင် အပေါ်ဖက်ကို လှမ်းကြည့်လိုက်ရာ၊ မနေ့ညနေတုန်းက မိုင်နှင့်ကြည်နူးစွာ ထိုင်ခဲ့သည့်နေရာလေး လှမ်းမြင်ရာ ဆလိုင်းရင်ထဲ ဟင့်ကနေ ဖြစ်သွားသည်။

အလိုလိုနှင့်ရက်၊လတွေ ကုန်ဆုံးပြီး၊ ဆလိုင်းလည်း RC 2 ရန်ကုန်တွင် ပထမနှစ် ကျောင်းသားအဖြစ် ကျောင်းတက်ရင်း မိုင် နှင့် စာဖြင့်အဆက်အသွယ်မပြတ် ဆက်သွယ်ကြသည်။ အဲဒီခေတ်တုန်းက computer နှင့် လက်ကိုင်ဖုန်းတွေမပေါ်သေး။ မမျှော်လင့်ဘဲ ၈၈အရေးအခင်းဖြစ်ကာ၊တစ်ပြည်လုံးကျောင်းပိတ်ထားသည်။ ဆလိုင်းသည်လည်းအရေးအခင်းကြောင့် ထောင်ချခံရသည်။ ထောင်မှလွတ်လာပြီး၊ ချင်းတောင်သို့ပြန်ရန်ဆလိုင်းလည်းပြင်ဆင်နေသည်။ အရေးခင်းကြောင့် မိုင်နှင့်အဆက်သွယ် ပြတ်တောက်သွားသည်။

လေယာဉ်ဖြင့်ကလေးမြို့ထိသွားပြီး၊ကလေးကနေဖလမ်းသို့ကုန်တင်ကားကြီးဖြင့်၈နာရီလောက်ထပ်သွားရသည်။ အဲဒီချိန်တုန်းက ယခုခေတ်လို bus ကားများမရှိသေးသည်သာမက လမ်းများလည်း‌‌ေမြနီလမ်းနှင့်တချို့‌ေနရာမတွင်အလွန်ကြမ်းတမ်းသည့်‌ေကျာက်ရိုင်းနှင့်ခင်းထား‌ေသာလမ်းများဖြတ်ရသည်။ချင်း‌ေတာင်ပြန်ဘို့ဆိုတာသိပ်မလွယ်၊ခရီးတော်တော်လေးပင်ပန်းသည်။စွန့်စားရသည်။

Lumbang ရွာလေးရောက်တဲ့အချိန်မှာတော့ ‌ေမှာင်ခါစပြုနေပြီ။Lumbang ကနေဖလမ်းကိုမီးမြိန်မြိန်လေး‌ေတွနှင့်လှမ်းမြင်ရတော့ ဆလိုင်းအတွက်တော့၊ ကမ္ဘာ‌‌ေပါ်မှာအလှဆုံးမြို့လေးလိုပါဘဲ၊ အ‌ေဝးက‌ေနလှမ်းမြင်ရရုံနှင့်ပီတိဖြာနေမိသည်။ ည ၈နာရီလောက်မှာအိမ်ရောက်ခဲ့သည်။။

ဆလိုင်းသည် နောက်နေ့မနက်ပိုင်းတွင် ဖလမ်းဈေး bazaar ဖက်သို့လက်ဘက်ရည်သောက်ဘို့ထွက်ခဲ့ရာ၊ မိတ်‌ေဆွတချို့နှင့်ဆုံကြသည်။ဖလမ်းဈေးတန်းကြီးကိုကျက်သရေနှင့်ပြည်စုံ‌ေစတဲ့ Falam Baptist Association Headquarters (FBA) တိုက်တန်းကြီးသည်လည်း ဆလိုင်းကိုဝမ်းပန်းတသာကြိုဆိုနေဟန်ရှိသည်ဟုထင်ရသည်။

မိုးရာသီဖြစ်သောဌားလည်း၊မိုးတိတ်‌ေနခိုက်ဖြစ်သည်။လမ်း‌တော့ခပ်စိုစိုလေးဖြစ်နေပြီး၊အရာရာတိုင်းဟာပိုပြီးလန်းဆန်းသည်လို့ထင်ရသည်။ခါတိုင်း‌ေန့များထက်သာယာ‌ေနသည်လို့လည်းထင်ရသည်။ဈေးသည်‌တချို့ကချင်းလို "arti in lei aw","antam tawm khat ngamu" ဆိုပြီးအော်သံလေးတေွ‌နှင့်ဖလမ်းရဲ့မနက်ခင်းဈေးပတ်ဝန်းကျင်သည်တော်တော်ဆူညံပြီးသာယာနေပါသည်။ဈေးသည်တချို့၏ကြက်များလည်းတစ်ကောင်နှင့်တစ်ကောင်ရန်ဖြစ်လိုက်၊တွန်လိုက်နှင့်စီကားလှပေသည်။

ဆလိုင်းသည် အသိများက "ဘယ်တုန်းကပြန်ရောက်လဲ၊လက်ဖက်ရည်သောက်ရအောင်၊ na dam maw? စသဖြင့် နှုတ်ဆက်နေကြသည်။

အသိများ နှုတ်ဆက်ပြီး ဆလိုင်းသည် မိုင်တို့ဆိုင်ရှိရာ FBA အဆောက်အဦးအောက်ရှိ ဆိုင်ခန်းဆီသို့သွားရာ၊ မိုင့်ကိုမတွေ့ဘဲ သူ့ရဲ့ညီမတွေ့လိုက်ရာ၊ တော်တော်လေး အံ့ဪမိသည်။ "မိုင် ကော" လို့ စမေးချိန်မှာ မိုင့် ညီမက "ခဏနော် လက်ဖက်ရည် သွားယူလိုက်အုံးမယ်" ဆိုပြီး အလိုက်သိသိဖြင့်နှုတ်ဆက်ပြီး၊ ကို Aksing တို့ ဆိုင်သို့လက်ဖက်ရည်သွားယူဖို့ ထွက်သွားသည်။ ဆလိုင်းသည် "မိုင်ဘာများဖြစ်နေပါလိမ့်" ဆိုပြီး အတွေးပေါင်းများစွာနှင့် မိုင့်ညီမကိုစိတ်မရှည်စွာစောငိ့နေသည်။

မုန့်မျိုးစုံနှင့်လက်ဖက်ရည်ပူပူနွေးနွေးမလာပြီး၊ မိုင့်ညီမပါးစပ်ထဲကထွက်လာသော စကားလုံးတို့သည် ဆလိုင်းရဲ့နှလုံးသားကို ဓါးဖြင့်အစိတ်စိတ် လှီးလိုက်သလိုခံစားရသည်။ အရေးခင်းကြောင့် မိုင်သည်ဆလိုင်း ဆက်သွယ်မရသည့်အခါ၊ဆလိုင်းနှင့်ဝေးရာ CCOC (Chin for Christ in One Century) သသာနာ့ လုပ်ငန်းတွင် ၄နှစ်တာ ဘုရားအမှုထမ်းဖို့ ခရီးထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။ဘယ်တော့ပြန်တွေ့မည်မှာ မသေချာတော့ပေ။

ရက်တွေတဖြေးဖြေးကုန်လွန်ပြီး၊ စစ်အစိုးရ အာဏသိမ်းချိန်ရောက်လာသည်။ အခြေအနေ မဟန်တော့သည် မို့ဆလိုင်းလည်း India ဘက်တိန်းရှောင်ဖို့ပြင်ဆင်ခဲ့သည်။

October၅၊၁၉၈၈ ဖလမ်းမြို့ ရာသီဥတုတော်တော်လေး သာယာတဲ့နေ့လေးပါ။ခါတိုင်းလိုတိမ်တွေ‌လည်းမထူထပ်ဘူး။Vankau တောင်ကနေ မြို့ဖက်ကို လှမ်းကြည့်လိုက်တော့ ပန်းချီကားချပ်ပမာ ရူမညီးနိုင်လောက်အောင် လှပနေပါသည်။ မြို့ရဲ့ဂုဏ်ဆောင် Baptist ဘုရားကျောင်းလည်းအဝေးကနေပိုလှသလိုထင်ရ၏။

ဖလမ်းပြည်သူ့ဆေးရုံးကြီးရဲ့ Jeep ကားအဖြူ‌ေရာင်‌ေလးလည်း Dr. Akui ကြိုဖို့မြို့ထဲဘက် ဖုံတထောင်းထောင်းနှင့်သွားနေပြီး နောက်ကနေ ကလေး၃၊၄ယောက်ကပြေးလိုက်နေကြပုံကိုမြင်နေရသည်။ မွေးရပ်မြေဖလမ်းမှာ ဆလိုင်းဆက်နေခြင်သေးပေမဲ့ စစ်အာဏရှင်စနစ်ကြောင့် သိပ်ချစ်လှတဲ့ဒီမြေ‌၊မျုိးချစ်သူရဲကောင်း၊ပညာတတ်၊အနုပညာရုင်နှင့်နာမည်ကျော်များစွာမွေးထုတ်ပေးခဲ့တဲ့‌ေနရာ၊ ဆလိုင်းနှင့်မိုင်တို့‌ေပျာ်မြူးခဲ့တဲ့ ဖလမ်းမြို့လေးကိုမျက်ရည်တွေဝဲပြီး၊လေးလန်ပြီးမခွာခြင်‌သောခြေတောက်နှင့်အတူဆလိုင်းသည်ကျောင်းသားတချို့နှင့် Sunthla ရွာဘက်သို့ထွက်ခွာခဲ့သည်။

မှတ်ချက်။။ ဤဆောင်းပါးဖြင့်၁၉၈၈အရေးခင်းကြောင့်အမိ မြေကိုစွန့်ခါ လွတ်ရာသို့ထွက်ခွာ၍ စစ်အစိုးရကို‌‌ေတာ်လှန်ကြသော ကျောင်းသားနှင့်တော်လှန်‌ေရးရဲဘော်အားလုံးအား‌ေလးစားစွာဂုဏ်ပြုအပ်ပါသည်။

No comments: