Tuesday, February 16, 2021

အရေးတော်ပုံ အောင်ရမည်၊ ၊



၈၈အရေးခင်းတုန်းက အပြစ်မဲ့ပြည်သူနှင့်ကျောင်းသူ/သားများစွာအသက်ပေး၊ သွေးမြေကျခဲ့တယ်။ ကျောင်းသားများစွာ တောခိုပြီး လက်နက်ကိုင်ကာ စစ်အစိုးရကို တော်လှန်ခဲ့ကြတယ်၊ ကျနော်အပါဝင်‌ပေါ့။ ၄နှစ်တာကာလ တော်လှန်ရေးလုပ်ခဲ့တယ်။ တချို့ဆိုနှစ်ပေါင်းများစွာ အခုထိလုပ်နေတုန်း။

ဒါပေမဲ့ ထောင်ပေါင်းများစွာသော လူ့အသက်ရှုံးဆုံးပြီး၊ အသက်နှင့်ရင်းကာ ပေးဆပ်ခဲ့ကြသလောက် အောင်မြင်မှု မရှိသည်သာမက စစ်အာဏရှင်စံနစ်တောင် သက်ဆိုးရှည်ခဲ့တာ ဒီနေ့ထိပါ။

ဒီနေ့ ဒို့တိုင်းပြည်မှာ စစ်တပ်ကပြန်ပြီး အာဏသိမ်းတာ ပြန်မြင်တော့ ရင်နာလို့ မဆုံးပါ။ IT ခေတ်ဖြစ်သည့်နည်းတူ စစ်တပ်သည်လည်း အရင်တုန်းကလိုမျိုး‌တော့ မရက်စက်ရေးတော့ပါ။ စက္ကန့်ပိုင်းတွင် သတင်း ကမ္ဘာပြန့်နှံ့နိုင်သည့်ခေတ်ဖြစ်မှန်း  သဘောပေါက်ပုံရသည်။
ခေတ်သစ်ဖြစ်သည့်နည်းတူ တော်လှန်ရေး စံနစ်နည်းဗျူဟာလည်း ခေတ်သစ်လူငယ်တွေ စမတ်ကျကျ ပိုလုပ်တတ်လာကြသည်မှာ အားရဝမ်းမြောက်စရာပင်ဖြစ်သည်။

စစ်အာဏရှင် အမြစ်က‌နေဖြုတ်ဖို့ နည်းလမ်းအကောင်းဆုံးနှင့် တစ်ချို့သောတိုင်းပြည်များတွင် ကျင့်သုံးပြီး အအောင်မြင်ဆုံးနည်းလမ်းသည် အခုလုပ်နေကြသော CDM ပင်ဖြစ်ပါသည်။ ပြည်ပကိုဘဲအားမကိုးကြဘဲ၊ ကိုယ့်ကိုယ်ကိုအားကိုးကြပါစို့။ ပြည်ပအားကိုးပြီး အောင်မြင်သောတိုင်းပြည်တချို့ နောက်ဆက်တွဲမကောင်းကြပါ။ ဇာတ်သိမ်းမလှကြပါ။

ဖြတ်လမ်းမရှိပါ။ မလိုအပ်ဘဲ အသက်မစတေးကြပါနဲ့။ အကျိုးမရှိ၊ အမြတ်မရှိဘဲအဖမ်းမခံကြပါနဲ့။ စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ ၁၉၈၈ နှင့် ၂၀၀၇ တုန်းကအမှား‌လေးတွေ၊ အားနည်းချက်များ မှသင်ခန်းစာယူပြီး ခေတ်သစ်လူငယ်များ Z generations ဦးဆောင်မှုဖြင့် အရေးတော်ပုံကြီး မုချအောင်မြင်ရမည်။

နည်းလမ်းမှန်ရမည်

စည်းကမ်းရှိရမည်

စည်းလုံးရမည်

စံနစ်ကျရမည်

စိတ်ရှည်ရမည်

ဇွဲရှိရမည်

အောင်မြင်ရမည်။

Friday, February 12, 2021

Doctor 4 An Zuam Aw!


1) British doctor in “Kan ram ahcun, sii lam kan thiam tukih mipakhat ih lung kan lakih, midang pakhat hnenah kan bun sakih, zarh 6 sungah hnaṭuan hawlin a vak thei”.

2) German doctor in “Kha tla cu zianghman silo. “Kan ni cu mipakhat ih thluak kan laksakih midang pakhat hnenah kan bun ih, zarh 4 sungah hnaṭuan a hawl thei”.

3) Russian doctor in, “Kan ni cu mipakhat ih thin a hrek kan aat sakih, midang hnenah kan bun sak salih, zarh 2 sungah hnaṭuan hawlin a tawivak thei”.

4) American doctor in, “Nan zaten, kan hnakin nan niam si cu. Kan ram cu a liamciami thla sungah thluak neilo, lung neilo, thin neilomi kan lakih, President kan ṭuan tir. Tu ahcun, rampum mipi tam sawn hnaṭuan hawl in an vak, an tawi vohvoh”.

Mirang ih nganmi lehsawngmi a si.

ယောက်ျား တန်မဲ့ ငိုမိခြင်းများ အကြောင်း၊ ၊



၁၉၈၈ ကျောင်းသားအရေးခင်းကြောင့် အင်းစိန်ထောင်စံမြန်းခဲ့၊ အဲဒီတုန်းက စစ်တပ်ရက်စက်မှု၊ တွေးမိတိုင်းငိုမိတယ်။
၁၉၉၇ USA သို့ထွက်ခါနီး၊ ထိမ်းမြှားစ ချစ်ဇနီး‌ချော်လေးနှင့်ခွဲရမှာမို့၊ မျက်ခွက်တွေ ယောင်လောက်အောင် အားရပါးရ ငို‌ခဲ့ရ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး
စစ်တပ်ရက်စက်မှုတွေ online ကနေ မြင်ပြန်တော့ ငိုရပြန်တယ်။
၂၀၁၃၊ နှစ် ၂၅ ကြာမှ မွေးရပ်ဌာနီ၊ ဖလမ်း ပြန်ရောက်တဲ့ည၊ ခြောက်ကပ်လှတဲ့ အဖေ့အိမ်အိုကြီးနှင့် အမှောင်ထုထဲ၊‌တစ်ယောက်တည်း၊ ရှိုက်ကြီးတညှင် ငိုယိုခဲ့။
၂၀၂၀ မတ်လ COVID-19 ကြောင့် ဒို့ဘုရားကျောင်းကြီး ခြောက်ကပ်ကပ် ဖြစ်နေချိန်၊ မထိန်းနိုင်တဲ့ မျက်ရည်ကျပြီး၊ တိတ်တိတ်လေးငိုရှိုက်ခဲ့။
၂၀၂၁ ဖေဖော်ရီလ ၁ရက်နေ့မှစ၊ စစ်အာဏရူးများ ‌တစ်ဖန်သောင်းကျန်းလာတော့၊ ဒေါသအိုးပေါက်ကွဲကာ၊ ဒေါသမျက်ရည်ကျပြန်။
အိုး အဖဘုရားသခင်၊ ဒီမျက်ရည်လေးတွေ စုပေးပြီး၊ အောင်ပွဲမျက်ရည်နှင့်ကောင်းကြီးမျက်ရည်လေးတွေ ဖြစ်စေတော်မူပါ။