Monday, October 26, 2020

ချင်း (ဝါ) တိုင်းရင်းသား



ကျနော်သည်ချင်း (ဝါ) တိုင်းရင်းသားပါ
တိုင်းရင်းသားစစ်စစ်ဖြစ်ရတာ
ဂုဏ်ယူလို့မဆုံးနိုင်ပါ။

ကျနော်လူရိုင်းလေးပါ
သူတို့အမြင်မှာပေါ့
သို့သော်သူတို့လောက်မယုတ်မာပါ။

ကျနော်လူအလေးပါ
သူတို့အမြင်မှာပေါ့
သို့သော်ရိုးသားသူပါ
သူတို့လောက်မရက်စက်တတ်ပါ။

ကျနော်တောင်ပေါ်သား‌လေးပါ
သူတို့ထက်တော့ရိုးသားပြီး
စိတ်ဓာတ်ဖြူစင်ပါသည်။

တောင်ပေါ်သားများအတွက်
တိုင်းရင်းသားပါတီအနိုင်ရဖို့
သူတို့ထင်တဲ့
လူရိုင်းနှင့်ငအလေးတွေရဲ့တာဝန်ပါ။

ဒို့တတွေဟာ
ရိုးသားဖြူစင်စွာအောင်ပွဲခံချင်သူ
တိုင်းရင်းသားသူတို့ထင်တဲ့
လူအ၊လူရိုင်းလေးတွေပါ။

No comments: