Friday, October 23, 2020

မှ/သို့....


မိုးရာသီတွင် ရွှံ့နှင့်ပြည့်သောလမ်း ‌

နွေရာသီရောက်ပြန်တော့ ဖုံတထောင်းထောင်းနှင့် ပြည့်သောလမ်း

လေယာဉ်ကွင်း ရဖို့နှစ်အကြာဆုံး စောင့်ရ သော တစ်ခုတည်းသောပြည်နယ်‌

နှစ်ပေါင်းများစွာ ကောလိပ်မရှိနိုင်ရှာသောပြည်နယ်

တိုင်းပြည်အပေါ်  သစ္စာအရှိဆုံး လူမျိုးဖြစ်သော်လည်းဘဲ အနှိမ်ခံရဆုံးလူမျိုး

ကိုယ့်လူမျိုးထက် တခြားလူမျိုးကိုအထင်ကြီးတတ်သောလူမျိုး

လူမျိုးကိုရောင်းစားတတ်သောလူမျိုးမှ တကယ့်မျိုးချစ်စိတ်ရှိသောလူမျိုးသို့....

ချင်းမျိုးဆက်သစ်လူငယ်များ သမိုင်းကိုသတိရလျှက်ကိုယ့်လူမျိုးကို မြင့်တင်ပြီးကိုယ့်ခြေထောက်ပေါ်ရပ်တည်ကြစို့

သူများခိုင်းမှလုပ်တတ်‌သောလူမျိုးမှ သူများမခိုင်းရက်သောလူမျိုးသို့...

သူများအနိုင်ကျင့်သောလူမျိုးမှ သူများကြည်ညို‌လေးစားသောလူမျိုးသို့

 ရွှံ့နှင့်ပြည့်နေသောလမ်းမှ နိုင်လွန်ကပ်တရာလမ်းမသို့

တခြားလူမျိုးကိုအထင်ကြီးတတ်သောလူမျိုးမှ ကိုယ့်လူမျိုးကိုယ်သာအထင်ကြီးတတ်သောလူမျိုးသို့

ဒါတွေအားလုံး ဖြစ်နိုင်ဖို့ အကောင်းဆုံးသောအချိန်သည် November ၈ ရက်သာဖြစ်သည်။

No comments: