Friday, July 17, 2020

သမိုင်းနှင့်ပြောင်းလဲချိန်



ကျနော် မှတ်မိသလောက်တော့ မြန်မာနိုင်ငံ သမိုင်းသင်ရိုးတွင် တခြားတိုင်းရင်းသား‌ခေါင်းဆောင်များ‌၊ ချင်းခေါင်းဆောင်များနှင့်ပတ်သက်ပြီး သူရဲကောင်း Pu Con Bik နှင့် ပင်လုံစာချုပ် ချုပ်ဆိုရာတွင်ပါဝင်သော လူကြီးများနာမည်သာတွေ့ရသည်။ ဒါတောင်မှ အသေးစိတ်တော့မဟုတ်။

မြန်မာပြည်ကို အသက်နှင့်လဲပြီး ကယ်တင်ခဲ့သော သူရဲကောင်းများ၊ ရန်ကုန်အစိုးရသာကျန်ပြီး မြန်မာပြည်ကြီးပြိုကွဲလို့နီးပါးဖြစ်တဲ့အချိန်တွင် Lt. Colonel Hrang Thio ဦးဆောင်သော 1st Chin Rifles တပ်ကနေအသက်စွန့်တိုက်ပွဲဝင်ပြီး မြန်မာပြည်ကြီးကိုကယ်တင်ခဲ့တာတွေ၊ အောင်ဆန်းသူရိယသူရဲကောင်းဆု ၂ခုတပြိုင်နက်ရရှိခဲ့တဲ့ သူရဲကောင်း Captain Taik Chun အကြောင်းတွေ ကျောင်းစာတွင် သင်ကြားခြင်းမရှိခဲ့ပါ။

အများကြီးရှိသေးသည်။ တိုင်းရင်းသားအားလုံးစီ၏ သူရဲကောင်းများအကြောင်း ကျောင်းစာသမိုင်းဘာသာတွင် ပြဌန်းသင့်သည်မှာကြာပြီ။ ဗမာတိုင်းရင်းသားများကသာ တိုင်းပြည်ကိုပိုချစ်သရော်ရော်၊သူတို့ကသာတိုင်းပြည်ကိုအုပ်ချုပ်နိုင်သောအစွမ်းအစရှိသလိုလို၊ တခြားတိုင်းရင်းသားများသည် qualify မဖြစ်သလိုလို၊ အဲဒီလို အယူအစတွေ ဖြတ်တောက်သင့်ပြီ။

ပြောင်းလဲချိန်တန်တာ ကြာလှပြီ။ ၂၀၂၀ မှာ ပထမဆုံး ပြောင်းလဲရမှာက စိတ်ဓာတ်ပါ။ စိတ်နေသဘောထားလေးတွေ ပြောင်းနိုင်ရင် ကျန်တာတွေဟာသိပ် မခက်တော့ပါ။ ပြောင်းလဲကြပါစု။

No comments: