Wednesday, July 15, 2020

ချင်းသစ္စာ



ရန်ကုန်အစိုးရလို့ဘဲအခေါ်ခံရသည့်အချိန်
မြန်မာပြည်ကို အသက်ပေးကာကွယ်ခဲ့တာ
ချင်းစစ်သားတွေပါ။

၁၉၈၈ အထိမြန်မာ (ဝါ) နေဝင်းအစိုးရ အခေါ် အရ "သူပုန်"မထတာလည်းချင်းတိုင်းရင်းသားတွေပါ။

သစ္စာရှိရှိ တိုင်းပြည်ကာကွယ်စောင့်ရှောက် ခဲ့တာချင်းတပ်တွေပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ‌ခေါ် တစ်ပါတီခေတ်တုန်းကလည်း သစ္စာအရှိဆုံးသည် ချင်းတိုင်းရင်းသားတွေပါ။

သို့သော် ၂၁ ရာစုအထိ မြန်မာပြည်တွင် မတိုးတက်ဆုံး ပြည်နယ်သည် တိုင်းပြည်အပေါ် သစ္စာအရှိဆုံး နှင့် သိပ်ချစ်လှသော ချင်းပြည်နယ် ဖြစ်နေသည်မှာ အံ့ဖွယ်တစ်ခုဖြစ်ပေသည်။

သဘာဝနိယာမ အတိုင်းသာဆိုရင် ချင်းပြည်နယ်နှင့် ချင်းလူမျိုးသည် အတိုးတက်ဆုံး ဖြစ်သင့်သည်မှာ အမှန်ဖြစ်သည်။ သို့သော် နှစ်၆၀ အတွင်း တိုးတက်မှု အနှောင့်နှေးဆုံးဖြစ်နေသည်မှာ မျက်မြင်ကိုယ်‌တွေ့ပါ။

ဒါကြောင့် သစ္စာမတည်သောလူမျိုး (ဝါ) ကျေးဇူးကန်းသောတိုင်းပြည်အပေါ် သစ္စာရှိခြင်းသည် အလာဟသပင် ဖြစ်သည်။

No comments: