Thursday, May 6, 2021

အရိုင်းမြေမှ တူမီးယမ်းငွေ့များ

 


ဘိုးဘွားခေတ်မှ သတ္တိအပြည့်

ရွှေဂျိုးဖြူမင်းသားဦးဆောင်ကာ

နယ်ချဲ့တွေ ခက်ခက်ခဲခဲနောက်ဆုံးမှသိမ်းပိုက်နိုင်တာ
အရိုင်းမြေ ချင်းတောင်ပါ။
အဲလိုခက်ခဲစွာ တိုက်ခိုက်ရတာဟာ
အရိုင်းမြေမှ ရဲရဲတောက်သူရဲကောင်းများနှင့်ချင်းရိုးရာတူမီး‌သေနတ်ကြောင့်ပါ။
၂၁ရာစု၊ လက်နက်အပျံစားတွေ လက်မြှောက်အရှူံးပေးရတာလည်း ဒီအရိုင်းမြေမှတူမီးသေနတ်ကြောင့်ပါ။
စစ်ခွေးများခွေးပြေးဝက်ပြေး ပြေးရတာလည်း ဒီတူမီးလေးကြောင့်ပါ။
အရိုင်းမြေမှသတ္တိ
အရိုင်းမြေမှတူမီး
အရိုင်းမြေမှာယမ်းငွေ့များ
အရိုင်းမြေမှ လူရိုင်းလေးများ
စစ်အာဏာရှင်စံနစ်ကျဆုံးသည်ထိဆက်လက်ရိုင်းနိုင်ကြပါစေ။
အရေးတော်ပုံအောင်ရမည်။

No comments: