Tuesday, June 16, 2020

Chin World ရဲ့မေးခွန်း။ ။ချင်းလူမျိုးများ USA ဆန္ဒပြပွဲတွင် ချင်းလူမျိုးပါသင့်၊မပါသင့် ခေါင်းစဉ်မှ ကျနော့်အမြင်။

ချင်းလူမျိုးကိုယ်စားပြုသဘော်ဖြင့်တော့ မပါဝင်သင့်သေးသည်သာမက၊ ချင်းလူမျိုးကိုကိုယ်စားပြုသောအဖွဲ့အစည်းလည်းUSA တွင်မရှိသေးပါ။ တသီးပုဂ္ဂိုလ်လိက အဖြစ်ဖြင့်ပါဝင်သူကိုကန့်ကွက်ခွင့်မရှိပါ။ ဝင်ပါသည်ဖြစ်ဖြစ်၊ မပါသည်ဖြစ်ဖြစ် ရလဒ်သည် သိပ်ထူးမည်မဟုတ်ပါ။ ချင်းလူမျိုးကိုယ်စားပြုသောပုံစံတော့ မဖြစ်စေနဲ့ပေါ့နော်။ ချင်းတွေတော့ မပြောနဲ့အုံး၊ ‌တစ်ခြား Asian သား၊ ချင်းတွေထက်နှစ်ပေါင်းမြောက်များစွာ စောလျင်ပြီး‌ရောက်တဲ့ သူတွေတောင်ငြိမ်နေရင် မနေ့တနေ့ကမှUSA ရောက်လာပြီး လူဦးရေအရလည်း နည်းပါးလှသေးတဲ့ချင်းတွေကတော့ ပြောစရာကိုမရှိတာပါ။ နှစ်၄၀၀ကျော်နေလာတဲ့လူမည်းဘဝနှင့်ချင်းဘဝလုံးဝနှိုင်းယှဉ်လို့မသင့်တော်ပါ။

USA ရဲ့လူမျိုးခွဲခြားမှုဆိုတာဟာ တစ်ချို့သော နိုင်ငံပေါင်းမြောက်များစွာနှင့် နှိုင်းယှဉ်ရင် မရှိသလောက်ပါ။ ဒါဟာ၁၉၉၇ USA ရောက်က‌တည်းက‌နေ ဒီနေ့ထိ ကျနော့်အတွေ့အကြုံပါ။ ကျနော်၃နိုင်ငံတွင်နေခဲ့ဘူးသည်။ အမှန်မှာ USA ၏ပထမဆုံးကျွန်ပိုင်ရှင်သည် လူမည်း Anthony Johnson ဆိုသူဖြစ်သည်။ USA တွင် ကျွန်ခေတ်တုန်းကလည်း လူမည်းအားလုံးကျွန်ခံရသည်မဟုတ်။ Northern USA တွင် ကျွန်စနစ်သိပ်မရှိသလောက်ပါ။၊Southern ဘက်တွင်သာရှိသည်။ လူမည်းတိုင်းကျွန်ဖြစ်ကြသည်မဟုတ်ပါ။

ရုပ်ရည်နှင့်အသားအရောင်ကွဲပြားခြင်းလုံးဝမရှိဘဲ လူမျိုးအလွန်ခွဲခြားသောAsia နိုင်ငံတချို့နှင့်မြန်မာပြည် လူမျိုးခွဲခြားမှုကို အရင်တိုက်ဖျက်ကြပါလို့ပြောချင်မိသည်မှာအမှန်ပါ။ ယခုခေတ် တစ်ချို့သော လူငယ်တို့၏ သဘောထားနှင့်အမြင်သည်လည်း ၁၀၀ %‌ အမြဲမမှန်တာတော့ အမှန်ပင်။ စိတ်စောတာနှင့် စိတ်မြန်ကိုယ်မြန်သမားကပိုများသည်။ အရာရာကို ချိန့်ချိန်ပြီးမှလုပ်သင့်သည်။ This is deeper than it looks!

ကျေးဇူးပါ...အားလုံးကိုလေးစားလျှက်။

No comments: