အသံကျယ်လောင်စွာစကားပြောတတ်သော အဖေ
ချိုသာတဲ့စကားမသုံးတတ်သော အဖေ
အမှားလုပ်မိရင် ဆုံးမတတ်သော အဖေ
သားသမီးကို အရမ်းချစ်ပေမဲ့ ပါးစပ်ဖြင့်မပြောဝံ့သော အဖေ
ပညာကောင်းကောင်းမသင်ကြားခဲ့ရပေမဲ့ ဒို့စာပေ မြင့်တင်ခဲ့သော အဖေ
တတ်နိုင်သလောက်ဘုရား အမှုထမ်းဆောင်ခဲ့သော အဖေ
လူမျိုး သိပ်ချစ်ခဲ့သော အဖေ
ကျနော့်ရဲ့ သူရဲကောင်း အဖေ
နှစ်တွေကြာသော်လည်းဘဲ ဖေဖေ့ရဲ့ကျယ်လောင်လှတဲ့ ချစ်ခြင်းမေတ္တာ နားထဲကြားယောင်ဆဲပါ အဖေ
ဖေဖေ ထွက်သက်နှင့် လုံးပန်းနေစဉ် ဖေဖေ့အနား သားမနေနိုင်ခဲ့တာ ခွင့်လွှတ်သော အဖေ
ဖေဖေ့ခြေရာ လိုက်နိုင်ဖို့ကြိုးစားဆဲပါ အဖေ
ဖေဖေ့ အမှုဆောင်ခဲ့တဲ့ ဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ ကြိုးစားဆဲပါ အဖေ
ဖေဖေ့ သိပ်ချစ်ခဲ့တဲ့ ဒို့လူမျိုးအတွက် အဖြစ်နိုင်ဆုံး ကြိုးစားဆဲပါ အဖေ
ဖေဖေ သိပ်မြင့်တင်ချင်ခဲ့တဲ့ ဒို့စာပေကိုလည်း မြင့်တင်နိုင်အောင်ကြိုးစားဆဲပါ အဖေ
ဖေဖေ သိပ်မြတ်နိုးခဲ့တဲ့ ချင်းလူမျိုးအတွက် အဖြစ်နိုင်ဆုံးကြိုးစားဆဲပါ အဖေ
ဖေဖေ ထားရင့်ခဲ့တဲ့ အသံကျယ်လောင်စွာ စကားပြောခြင်း အကျင့်လည်း သားရရှိခဲ့ပြီ သိပ်ချစ်ရသော ဖေဖေရယ်။
(၁၉၉၉ တွင်ကွယ်လွန်သော ဖေဖေ့အတွက် ချင်းနှင့်English လို ၂၀၁၁ တွင်ရေးသားသောစာကို မြန်မာလို အတတ်နိုင်ဆုံးဘာသာပြန်ခြင်းဖြစ်သည်။)
No comments:
Post a Comment