၈၈မတ်လအရေးအခင်းေကြာင့်တပြည်လုံးေကျာင်းပိတ်လိုက်ရသည်။ကျွန်တော်လည်းရန်ကုန်ကနေဖလမ်းပြန်ဖို့ပြင်ဆင်ခဲ့သည်။
လေယာဉ်ဖြင့်ကလေးမြို့ထိသွားပြီး၊ကလေးကနေဖလမ်းသို့ကုန်တင်ကားကြီးဖြင့်၈နာရီလောက်ထပ်သွားရသည်။ အဲဒီချိန်တုန်းက ယခုခေတ်လို bus ကားများမရှိသေးသည်သာမက လမ်းများလည်းေမြနီလမ်းနှင့်တချို့ေနရာမှာအလွန်ကြမ်းတမ်းတဲ့ေကျာက်ရိုင်းနှင့်ခင်းထားေသာလမ်းများဖြတ်ရသည်။ချင်းေတာင်ပြန်ဘို့ဆိုတာသိပ်မလွယ်ခဲ့ဘူး၊ခရီးတော်တော်လေးပင်ပန်းသည်။စွန့်စားရသည်။
Lumbang ရွာလေးရောက်တဲ့အချိန်မှာတော့ ေမှာင်ခါစပြုနေပြီ။Lumbang ကနေဖလမ်းကိုမီးမြိန်မြိန်လေးေတွနှင့်လှမ်းမြင်ရတော့ ကွျန်တော့်အတွက်တော့၊ ကမ္ဘာေပါ်မှာအလှဆုံးမြို့လေးလိုပါဘဲ၊အေဝးကေနလှမ်းမြင်ရရုံနှင့်ပီတိဖြာနေမိတယ်။ေကျးဇူးတော်ေကြာင့်ေချာ်ေချာ်မွန်မွန်ဖြင့်ည ၈နာရီလောက်မှာအိမ်ရောက်ခဲ့တယ်။
နောက်နေ့မနက်ပိုင်းမှာဖလမ်းဈေး bazaar ဖက်သို့လဘက်ရည်သောက်ဘို့ထွက်ခဲ့ရာ၊ မိတ်ေဆွတချို့နှင့်ဆုံကြသည်။ဖလမ်းဈေးတန်းကြီးကိုကျက်သရေနှင့်ပြည်စုံစေတဲ့ Falam Baptist Association Headquarters တိုက်တန်းကြီးသည်လည်းငါ့ကိုဝမ်းပန်းတသာကြိုဆိုနေဟန်ရှိသည်ဟုထင်ရသည်။
မိုးရာသီဖြစ်သောဌားလည်း၊မိုးတိတ်ေနခိုက်ဖြစ်သည်။လမ်းတော့ခပ်စိုစိုလေးဖြစ်နေပြီး၊အရာရာတိုင်းဟာပိုပြီးလန်းဆန်းသည်လို့ထင်ရသည်။ခါတိုင်းေန့များထက်သာယာေနသည်လို့လည်းထင်ရသည်။ဈေးသည်တချို့ကချင်းလို "arti in lei aw","antam tawm khat ngamu" ဆိုပြီးအော်သံလေးတေွနှင့်ဖလမ်းရဲ့မနက်ခင်းဈေးပတ်ဝန်းကျင်သည်တော်တော်ဆူညံပြီးသာယာနေပါသည်။ငါလည်းသိပ်ပျော်နေမိသည်။
ဈေးသည်တချို့၏ကြက်များလည်းတစ်ကောင်နှင့်တစ်ကောင်ရန်ဖြစ်လိုက်၊တွန်လိုက်နှင့်စီကားလှပေသည်။အဲဒီခေတ်တုန်းကဖလမ်းမြို့ေပျာ်စရာကောင်းပုံလေးေတွ၊ယနေ့ထိမေ့လို့မရနိုင်ပါ။ေမ့လည်းမေမ့ရက်ပါ။နောက်နောင်များမှာလည်းမေ့နိုင်မယ်မထင်တော့ပါ။
No comments:
Post a Comment