မတ်လ၁၆ရက်၁၉၈၈၊မွန်းလွဲပိုင်းအချိန်ေလာက်မှာ၊ရန်ကုန်တဣသိုလ်ဝင်းထဲ နေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသည့်ေကျာင်းသားများ ဖြိုခွဲဖို့စစ်သားများ၊သံတံခါးဂိတ်ကြီးကိုဖျက်စီးပြီးဝင်လာကြသည်။ ကျွန်တော်သည် first year RC-2မှာတက်နေတုန်းဖြစ်သည်။
မျက်ရည်ယိုဗုံးများပစ်ကြတော့၊campus ထဲအခိုးအငေွ့များနှင့် ပြည့်နှက်နေပြီး ကေျာင်းသားများ ပြာယာခပ်ကာလူစုကွဲကြသည်။သေနတ်များဖြင့်လည်းလိုက်ပစ်ကြတော့ လွတ်ရာကိုေပြးရသည်။လုံထိန်းရဲတေွကလည်းတုတ်နှင့်လိုက်ရိုက်ကြပြန်ေရာ။
နောက်ဆုံးတော့၊ထွက်ပေါက်မရှိဘဲ၊ကျွန်တော်လည်း အဖမ်းခံလိုက်ရသည်။ဖမ်းမိပြီးမကြာခင် ထောင်ကားထဲကိုတင်းကြပ်စွာတိရိစာန်များပမာဆွဲသွင်းကြပြီး၊ရန်ကုန်ေနွရာသီနေပူကြဲကြဲေအာက်မှာတစ်နာရီလောက်ကြပ်တီးစွာထောင်ကားထဲအသားကင်သလို သိုလေှာင်ခြင်းခံခဲ့ရတာေမ့လို့မရ။ပူလွန်းလို့ ကေျာင်းသားတချုိ့ခေါင်းမိုးပြီးသတိလစ်သူကလစ်၊ငိုတဲ့သူကလည်းငို၊သိပ်အနံ့မေကာင်းလှတဲ့ချိုင်းနံ့နှင့်အီးနံ့များနှင့်လည်းနပန်းလုံးရသေး။
အားလုံးရင်ခုန်ေကြာက်လှန့်စွာနှင့်၊ဘယ်နေရာများပို့မှာပါလိမ့်ဆိုပြီး စိုးရိမ်တကြီးနှင့်ထောင်ကားထဲမှ စောင့်နေရုံကလွဲပြီး လုပ်နိုင်တာ ဘာမှမရှိခဲ့။နောက်ဆုံးတော့ အင်းစိန်ထောင်ထဲရောက်သွားသည်။လွယ်အိတ်ကအစ ပါလာတဲ့ပစီည်းအားလုံး ထောင်စောင့်ရဲများက သိမ်းလိုက်သည်။အကျဉ်းထောင်ထဲ အိပ်ဖို့ေနရာဆိုလို့ ညစ်ပတ်စုတ်ပျက်နေတဲ့ဖျာ ကြမ်းသာရှိသည်။
ဒို့တိယည၊တစ်ယောက်ခြင်း ပူအိုက်လှတဲ့ အခန်းကျင်းလေးထဲမှာ၊ စစ်တပ် မှ အရာရှိ (MI)၃ယောက်က လူတစ်ဦးစီ စစ်လိုက်ကြတာ ရက်ရက်စက်စက်ပါဘဲ။ စစ်ေဆးပြီးမှ အချုပ်ခန်းထဲပြန်လာသူတိုင်း ဒဏ်ရာကိုယ်စီရယ်၊သေွးစွန်းေသွးစများနှင့်ပြန်လာကြသည်။
မနက်ပိုင်း၂နာရီေလာက်မှာ MI တစ်ယောက် ထောင်တံခါးဝမှာလာပြီး 'နောက်တစ်ယောက်ထွက်လာခဲ့' ဆိုပြီးအသံကျယ်လောင်စွာအော်သံကြားတော့ ကျွန်တော် မရဲတရဲနှင့်ထောင်တံခါးေပါက်မှခေါင်းအုံ့ပြီးထွက်လာသည်။ရင်ခုန်နှုန်းကတော့ မြန်သလား မမေးနဲ့တော့။ ကားသာဆိုရင် ၁နာရီမိုင်၁၅၀နှုန်းလောက်တော့ဖြစ်မယ်ထင်သည်။....
မျက်ရည်ယိုဗုံးများပစ်ကြတေ
နောက်ဆုံးတော့၊ထွက်ပေါက်မရှ
အားလုံးရင်ခုန်ေကြာက်လှန့်
ဒို့တိယည၊တစ်ယောက်ခြင်း ပူအိုက်လှတဲ့ အခန်းကျင်းလေးထဲမှာ၊ စစ်တပ် မှ အရာရှိ (MI)၃ယောက်က လူတစ်ဦးစီ စစ်လိုက်ကြတာ ရက်ရက်စက်စက်ပါဘဲ။ စစ်ေဆးပြီးမှ အချုပ်ခန်းထဲပြန်လာသူတိုင်း
မနက်ပိုင်း၂နာရီေလာက်မှာ MI တစ်ယောက် ထောင်တံခါးဝမှာလာပြီး 'နောက်တစ်ယောက်ထွက်လာခဲ့' ဆိုပြီးအသံကျယ်လောင်စွာအော်
No comments:
Post a Comment