ဤနေရာတွင် မနက်တိုင်း သင်တန်းဆရာဖြစ်သကဲ့သို့ကျွန်တော်ဦးဆောင်ပြီး ကာယလေ့ကျင့်ခန်း လုပ်ရသည်။ ၃မိုင်လောက်မနက်တိုင်း Zotlang လမ်းမကြီးအပေါ်ပြေးကြသည်မှာကျန်းမာရေးနှင့် ညီညွတ်လှသည်။ ပြေးပြီး၁နာရီလောက်ကာယလေ့ကျင့်ခန်း ပြန်လုပ်ပေးသည်။
အခြေခံစစ်သင်တန်းလည်း ဒီ camp မှာတစ်ခါသင်ပေးခွင့်ရခဲ့သည်။ တောတွင်းလို ကောင်းကောင်းသင်တန်းမပေးနိုင်ပေမဲ့ အမိန့်နာခံမှုရှိအောင်သင်ပေးခြင်းဖြစ်၍ မဆိုးလှပါ။
ဒီ camp မှာနေတုံးက တခါတလေ Champhai မြို့ထဲလည်ခွင့်ရှိသည်။ ခံစားရအခက်ဆုံးတစ်ခုကတော့ မြို့ထဲသွားလည်ပြီး မြန်မာပြည်ဖက်က မိတ်ဆွေဟောင်းတွေနှင့်တွေ့ပြီး၊ လက်ဖက်ရည်သောက်၊အတိတ်အကြောင်း၊အိမ်ဖက်သတင်းေလးတွေေပြာကြရင်း၊ညနေစောင်းတွင် မီးထိန်ထိန်လင်းနေတဲ့ မြို့ထဲကနေ မီးမှောင်နေတဲ့ (သို့) ဖယောင်းတိုင်သာထွန်းထားတဲ့ မြို့အစွန်ကဒုက္ခသည်စခန်းသို့ပြန်ရခြင်းသည် မဖော်ပြတတ်လောက်အောင်ကိုခံစားရခက်လှပါသည်။
တစ်နေ့တော့ CNF Vice President ၏ညီမ၊camp သို့အလည်လာပြီး အားပေးစကား ပြောရင်းနှင့် အခြေအနေဆိုးဝါးဆင်းရဲလှသောငါတို့ နေထိုင်ပုံကြောင့် မဟန်ဆောင်နိုင်တော့ဘဲ အားလုံးရှေ့မှောက်မှာပင် အားရပါးရ ငိုကြွေးရှာသည်။ လူမျိုးနှင့်တိုင်းပြည်အတွက်သာ မဟုတ်လို့ရှိရင်တော့၊တော်ပြီငါမခံနိုင်၊မလုပ်နိုင်တော့ဘူးလို့ လက်လျှော့ရမည့် အချိန်တွေ မနည်းထိန်းရသည်။
၁၉၉၂ November အချိန်ရောက်လာသည်ဖြစ်၍၊ ဂီတာအေဟာင်းေလးတစ်လုံးဖြင့် Christmas သီချင်းများ၊မီးပုံလေးနားမှာ ဆိုကြသည်မှာ အလွန်ပင်ပျော်စရာကောင်းသည်။ ညနေမှောင်ရီပျိုးချိန်၊Champhai မြို့ရောင်စုံ မီးလုံးလေးတွေ ထိန်ထိန်လေး လင်းနေချိန်များတွင် အိမ်ပိုပြီးသတိရမိတာအမှန်ပါ။ ဒီနှစ်နှင့်ဆိုရင် အိမ်ကိုစွန့်ခွာခဲ့တာ၅နှစ်မြောက်ဖြစ်သည်။
နေ့တိုင်း အထက်ကအမိန့်အတိုင်းအလုပ်လုပ်ပြီး၊ တစ်နေ့မှာတော့ အိပ်မက်မှာတောင် မမက်ရဲ၊မမက်ဘူးသော အာဏသိမ်းမှုဖြစ်ပွားကာ၊ ကိုယ့်အသက်အတွက်လုံခြံုမှုမရှိေတာ့သည့်အတွက် လူဦးရေတစ်ဝက်လောက် CNA/F မှနုတ်ထွက်ခဲ့ကြသည်။ အဲဒီနေ့လောက် ဝမ်းနည်းကျေကွဲပြီး ယောကျာ်းတန်မဲ့ ငါ အော်ဟစ်ငိုကျွေးခဲ့တာမရှိ။ ကိုယ့်တိုင်းပြည်နှင့်လူမျိုးအတွက်မက်ခဲ့ေသာအိပ်မက်များစွာနှင့်ပေးဆပ်ခဲ့သောအရာရာမှန်သမျှ၊သဲထဲရေသွန်သလိုဖြစ်သောနေ့ပင်ဖြစ်သည်။
No comments:
Post a Comment