Friday, May 29, 2020



Laitlang, khawpi hmaisabik
Laitlang, High School um hmaisabik
Laitlang, Chin Affairs Minister hmaisabik
Laitlang, siizung ṭhabik rak umnak
Laitlang, nursing tlawng hmaisabik
Laitlang, airport hmaisabik umnak

Hmaisabik
Ṭhabik
Sibik
Makbik
Na biknak pawl, tucun
Kilkhawi thiam hram, Falam!


Wednesday, May 27, 2020

ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်....



၁၉၈၈ အရေးအခင်းကြောင့် တပြည်လုံးကျောင်းများပိတ်ထားရာ၊ ဆလိုင်းသည်ချင်းတောင်ပြန်ဖို့ အစဉ်သင့်ဖြစ်နေသည်။ ပြန်မည့်နောက်ဆုံးည၊ ခဝဲခြံရှိ၊ သူငယ်ချင်းများ အိမ်မှာ ညအိပ်ဖို့ အိမ်မှထွက်လာပြီး၊ ဆလိုင်းတို့ နေတဲ့ ရပ်ကွက်၊ သံလမ်းကြားရှိ၊ "ဦးလေးကြီး လက်ဖက်ရည်ဆိုင်" တွင် မိတ်ဆွေ တချို့လိုက်နှုတ်ဆက်ဖို့ ခဏဝင်သွားသည်။
ဆိုင်ပိုင်ရှင်၏ ညီမ၊ မခိုင်သည် အလွန်လှပ၊ချောမောနေသဖြင့် သူ့အလှကြောင့် ဆိုင် တော်တော်လေးလွန်လှသည်။ မဂ္ဂဇင်းတချို့တွင်လည်း မျက်နှာဖုံးရှင်အဖြစ် သူ့အလှပုံများရှိ‌ ‌ နေပြီဖြစ်သည်။ ထိုအလှဘုရင်မသည် ဆလိုင်းနှင့်ချစ်သူများဖြစ်နေကြသည်မှာ သိပ်မကြာသေး။ ကျောင်းအပြန်နှင့်ကျောင်းပိတ်ရက်များတွင် ဆလိုင်းသည် ဒီဆိုင်၏ ကောင်တာ၊ မခိုင် ထိုင်တဲ့အနားမှာထိုင်ပြီး၊ မုန့်လေးတွေ ခိုးခွံ့ကျွေးကြပြီး ကြည်နူးစွာ အချိန်ကုန်လေ့ရှိသည်။
ဆလိုင်းသည် ဖော်ရွေပြီးလူသိများသကဲ့သို့ အဲဒီည ဆိုင်မှာရှိတဲ့လူ အားလုံးနီးပါးက သူ့ကိုလက်ဆွဲနှုတ်ဆက်ကြရာ၊ အချိန်တော်တော်လေး ကုန်သွားသည်။ ဘော်တာတွေ လိုက်နှုတ်ဆက်နေစဉ် မခိုင်သည် မျက်နှာချင်းဆိုင်ရှိ သူတို့အိမ်တန်းလျားမှ မျက်တောင်မခတ် ဆလိုင်းကို ကြည့်နေခိုက် မျက်စိချင်းဆုံကြသည်မှာ ရင်ခုန်ဖွယ်ပျော်စရာလေးဖြစ်ခဲ့သည်။ သို့သော် ဆလိုင်း နှုတ်ဆက်မည့်သူငယ်ချင်းများမကုန်သေး၍ မခိုင်ကို မနှုတ်ဆက် အားသေးပါ။
အားလုံးနှုတ်ဆက်အပြီး၊ အေးအေးဆေးဆေးနှင့် မခိုင်အားနှုတ်ဆက်ရန် မခိုင်ရှိရာဘက် လှည့်အကြည့်၊ မခိုင်ရဲ့ သွယ်လျှလှပလွန်းတဲ့ နောက်ကျောနှင့် မို့အိပြီး အသင့်အတင့်ကားထွက်နေသောတင်ပါးလေးရေ၊ ရှည်လျားလှပလွန်းတဲ့ မခိုင်ရဲ့အနက်ရောင်ဆံပင်လေးသာ မြင်လိုက်ရသည်။ အိမ်ခန်းထဲအဝင်၊ ကန့်လန့်ကာလေးများသည် မခိုင် ဝင်လိုက်တဲ့အရှိန်ကြောင့် လေထဲလှုပ်ခါသွားသည်ကိုသာမြင်လိုက်ရသည်။
မခိုင်ကိုအရင်ဆုံး နှုတ်မဆက်မိလို့ စိတ်ကောက်သွားတာလား၊ ဒါမှမဟုတ် ဆလိုင်း နှင့်မခွဲရက်လို့ ရှောင်သွားတာလား ဆိုပြီးမေးချင်ပေမဲ့ အချိန်မရခဲ့။ တစ်နေ့နေ့ ပြန်ဆုံတွေ့တဲ့အခါ မပြီးသေးသော အချစ်ဇာတ်လမ်းလေးများပြန်ဆက်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အရာရာဟာနောက်ကျသွားပြီ။
ဒီလိုမျိုးဇာတ်လမ်းလေးတွေကြောင့် ဟိုးတစ်ချိန်တုန်းက အဲက်စကေနက်ရဲ့ "ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်"သီချင်းသည် ဆလိုင်းရဲ့ အကြိုက်ဆုံးသီချင်းဖြစ်ခဲ့ဘူးသည်။

Tuesday, May 26, 2020

မမေ့ရက်နိုင်သော မွေးရပ်မြေ....




ဆောင်းဦးရာသီအချိန်ဖြစ်၍ ဖလမ်းမြို့သည် မြူခိုး၊မြူနင်းများဖြင့် ချမ်းစပြုလာသောအချိန်ဖြစ်သည်။ အချိန်သည် ညနေဆောင်း နေဝင်ချိန် ခါ နီးဖြစ်ပြီး၊တဖြေးဖြေး အေးလာပြီး၊ဌက်ကလေးတွန်သံ လေးတွေ ‌တဖြေးဖြေး တိတ်ဆိတ်လာသည်။

ဖလမ်းရဲ့ဆောင်းလေညင်းလေး အသာလေး ရိုက်ခတ်လာစဉ် ဆလိုင်းနှင့်မိုင်သည် Vankau တောင်ရဲ့တဖက်စွန်းမှာ Lumbang နှင့် Vaar မြစ်ကြီးဘက် မျက်နှာမူပြီး၊ ချစ်စကားပြောရင်းကြည်နူးနေကြသည်။ အချိန်သည် ၁၉၈၇ ဒီဇင်ဘာလ၊ကော်လိပ်ကျောင်းသားများ ပြည်မဖက်သို့ ကျောင်းတက်ဖို့ သွားနေကြခိုက် အချိန်ဖြစ်သည်။ ဆလိုင်းလည်း သွားချိန်ကျပြီဖြစ်ပေမဲ့ မိုင်နှင့်မခွဲရက်‌သေးကြောင့် မသွားနိုင်သေးဘဲ အချိန်ဆွဲနေခြင်းဖြစ်သည်။

မိုင်သည် ‌ဆလိုင်းကိုကြည့်ပြီး၊"ကိုဆလိုင်း ရန်ကုန်ရောက်ရင်၊ကောင်မလေး ချောချောလေးတွေ တွေ့ပြီး၊မိုင်ကိုမေ့သွားမှာ တအားစိုးရိမ်တယ်" ဆိုပြီး ခပ်နွဲ့နွဲ့လေးနှင့်ပြောလိုက်ရာ၊ ဆလိုင်းကလည်း "မိုင်‌ရယ် ဆလိုင်းဟာ အဲလိုယောကျာ်းမျိုး မဟုတ်ဘူး၊ သစ္စာရှိရှိ ကိုဆလိုင်းကိုစောင့်ပြီး ကျောင်းပြီးရင် လက်ထပ်ကြမယ်" လို့ မိုင်ရဲ့သွယ်လျနေသောလည်ပင်းလေးကို ကြင်နာယုယစွာ ပွေ့ဖက်ရင်းနှင့် ပြောပြနေသည်။

သူတို့၂ဦး ချစ်ကြိုက်ကြသည်မှာ ကြာပြီးဖြစ်သောလည်း အသက်ငယ်ကြသေးသည်မို့ မိဘမသိအောင်ဖုန်းဖိထားကြသည်မှာ အမော။ ဆလိုင်းသည် မနက်ဖြန် ထွက်ရတော့မည်ဖြစ်၍ U Kemsi တို့အိမ်ရှေ့ ကားဂိတ်တွင် လာနှုတ်ဆက်ဖို့ မိုင့်ကိုပြောပြရာ၊ မိုင် ပြန်ပြောလိုက်သည်မှာ "ကိုဆလိုင်းရေ၊ သိပ်လိုက်နှုတ်ဆက်ခြင်တာပေါ့၊ဒါပေမဲ့ ဆလိုင်းမိဘတွေ မြင်ရင် ရှုပ်နေအုံးမယ်" လို့ ပြန်ဖြေရာ၊ ဆလိုင်းလည်း ဘယ်လိုပြန်ပြောရမှန်း မသိတော့ဘဲ မိတ်ကပ်လုံးဝ လိမ်းစရာမလိုဘဲ သဘာဝဖြင့် လှပမို့အိနီရဲ နေသော မိုင်ရဲ့ပါးပင်လေးတွင် ကျဆင်းလာသည့် နွေးထွေး‌နေတဲ့မျက်ရည်စလေး တွေကို အေးစက်နေသော သူ့လက်ဖြင့် ကြင်နာစွာ သုတ်ပေးလိုက်သည်။

နှစ်ယောက်လုံး စကားမပြောကြဘဲ၊ ခဏငြိမ်နေပြီး၊ ဆလိုင်း က "မိုင် ဒို့၂ယောက်အချစ်ကို ဘယ်သူမှ ခွဲနိုင်မှာမဟုတ်ဘူး၊ သစ္စာရှိရှိ နေကြမယ်နော်" လို့ ပြောရင်း မိုင်ကလည်း "ကိုဆလိုင်း မိုင့်ဘဝမှာ အကိုကလွဲလို့ ဘယ်သူမှမချစ်နိုင်တော့ဘူး.."လို့ ပြောရင်း စကားမကုန်ခင်၊ နှင်းဆီပန်းလေးလို နီရဲမို့အိနေသော မိုင့်နှုတ်ခမ်းလေးကို အားရပါးရ နမ်းပစ်လိုက်သည်။ မိုင်ရဲ့နှုတ်ခမ်းနီ အနံ့လေးသည် ဈေးအပေါဆုံးအမျိုးအစားဖြစ်သော်လည်း ဆလိုင်းအတွက်မူ ‌တန်ဘိုးမဖြတ်နိုင်တဲ့ရတနာသဖွယ် မွှေးကြိုင်လွန်းလှသည်။

ထိုအချိန်တွင် ဖလမ်းမြို့သည် မီးစလင်းပြီး၊နှင်းခိုးလေးများနှင့် တအားလှပ၍၊စိတ်ကြည်နူးစရာဖြစ်သည်မှာ အမှန်ပင်။ ဆေးရုံဖက်က လူငယ်တချို့သည်လည်း၊ မြို့ထဲဈေးသစ်တန်းဘက်သို့ video ကြည့်ရန်သွားနေကြသည်။

နောက်နေ့ မနက်စောစော၊ ဖလမ်းမြို့လမ်းဆုံ၊ ဦးKemsi အိမ်နားတဝိုက်သည် ကလေးသို့သွားမည့်ကား‌များ၊ ကားဟွန်းတီးသံများ၊ တချို့ကားစက်မနိုးနိုင်သဖြင့် ဈေးသစ်လမ်းမကုန်းဆင်းဘက်သို့ဆင်းပြီး jump start လုပ်သူကလုပ်၊ ခရီးသွားမည့်လူ၊ လိုက်ပို့သည့်လူမျိုးစုံဖြင့် ဖလမ်းမြို့၏ဆောင်းနံနက်ခင်း ကြိုဆိုကြသည်မှာ စည်ကားသိုက်မြိုက်လှပေသည်။

ဆလိုင်းသည် စိတ်မပါဘဲနှင့် RTC ခေါ် ကားဟောင်းကြီးပေါ်တက်ပြီး နေရာယူလိုက်သည်။ အဲဒီခေတ်တုန်းက line ကား၊bus တို့ မရှိသေး။ ဆလိုင်းသည် မိုင် များလာနုတ်ဆက်မလားဆိုပြီး၊ မျက်စိဖြင့်လိုက်ရှာဖွေနေသော်လည်း မတွေ့။ ကားစထွက်ခါ၊ Cinmual ကျော်ပြီး၊ Zamual ရွာ ရောက်ခါနီးတွင် အပေါ်ဖက်ကို လှမ်းကြည့်လိုက်ရာ၊ မနေ့ညနေတုန်းက မိုင်နှင့်ကြည်နူးစွာ ထိုင်ခဲ့သည့်နေရာလေး လှမ်းမြင်ရာ ဆလိုင်းရင်ထဲ ဟင့်ကနေ ဖြစ်သွားသည်။

အလိုလိုနှင့်ရက်၊လတွေ ကုန်ဆုံးပြီး၊ ဆလိုင်းလည်း RC 2 ရန်ကုန်တွင် ပထမနှစ် ကျောင်းသားအဖြစ် ကျောင်းတက်ရင်း မိုင် နှင့် စာဖြင့်အဆက်အသွယ်မပြတ် ဆက်သွယ်ကြသည်။ အဲဒီခေတ်တုန်းက computer နှင့် လက်ကိုင်ဖုန်းတွေမပေါ်သေး။ မမျှော်လင့်ဘဲ ၈၈အရေးအခင်းဖြစ်ကာ၊တစ်ပြည်လုံးကျောင်းပိတ်ထားသည်။ ဆလိုင်းသည်လည်းအရေးအခင်းကြောင့် ထောင်ချခံရသည်။ ထောင်မှလွတ်လာပြီး၊ ချင်းတောင်သို့ပြန်ရန်ဆလိုင်းလည်းပြင်ဆင်နေသည်။ အရေးခင်းကြောင့် မိုင်နှင့်အဆက်သွယ် ပြတ်တောက်သွားသည်။

လေယာဉ်ဖြင့်ကလေးမြို့ထိသွားပြီး၊ကလေးကနေဖလမ်းသို့ကုန်တင်ကားကြီးဖြင့်၈နာရီလောက်ထပ်သွားရသည်။ အဲဒီချိန်တုန်းက ယခုခေတ်လို bus ကားများမရှိသေးသည်သာမက လမ်းများလည်း‌‌ေမြနီလမ်းနှင့်တချို့‌ေနရာမတွင်အလွန်ကြမ်းတမ်းသည့်‌ေကျာက်ရိုင်းနှင့်ခင်းထား‌ေသာလမ်းများဖြတ်ရသည်။ချင်း‌ေတာင်ပြန်ဘို့ဆိုတာသိပ်မလွယ်၊ခရီးတော်တော်လေးပင်ပန်းသည်။စွန့်စားရသည်။

Lumbang ရွာလေးရောက်တဲ့အချိန်မှာတော့ ‌ေမှာင်ခါစပြုနေပြီ။Lumbang ကနေဖလမ်းကိုမီးမြိန်မြိန်လေး‌ေတွနှင့်လှမ်းမြင်ရတော့ ဆလိုင်းအတွက်တော့၊ ကမ္ဘာ‌‌ေပါ်မှာအလှဆုံးမြို့လေးလိုပါဘဲ၊ အ‌ေဝးက‌ေနလှမ်းမြင်ရရုံနှင့်ပီတိဖြာနေမိသည်။ ည ၈နာရီလောက်မှာအိမ်ရောက်ခဲ့သည်။။

ဆလိုင်းသည် နောက်နေ့မနက်ပိုင်းတွင် ဖလမ်းဈေး bazaar ဖက်သို့လက်ဘက်ရည်သောက်ဘို့ထွက်ခဲ့ရာ၊ မိတ်‌ေဆွတချို့နှင့်ဆုံကြသည်။ဖလမ်းဈေးတန်းကြီးကိုကျက်သရေနှင့်ပြည်စုံ‌ေစတဲ့ Falam Baptist Association Headquarters (FBA) တိုက်တန်းကြီးသည်လည်း ဆလိုင်းကိုဝမ်းပန်းတသာကြိုဆိုနေဟန်ရှိသည်ဟုထင်ရသည်။

မိုးရာသီဖြစ်သောဌားလည်း၊မိုးတိတ်‌ေနခိုက်ဖြစ်သည်။လမ်း‌တော့ခပ်စိုစိုလေးဖြစ်နေပြီး၊အရာရာတိုင်းဟာပိုပြီးလန်းဆန်းသည်လို့ထင်ရသည်။ခါတိုင်း‌ေန့များထက်သာယာ‌ေနသည်လို့လည်းထင်ရသည်။ဈေးသည်‌တချို့ကချင်းလို "arti in lei aw","antam tawm khat ngamu" ဆိုပြီးအော်သံလေးတေွ‌နှင့်ဖလမ်းရဲ့မနက်ခင်းဈေးပတ်ဝန်းကျင်သည်တော်တော်ဆူညံပြီးသာယာနေပါသည်။ဈေးသည်တချို့၏ကြက်များလည်းတစ်ကောင်နှင့်တစ်ကောင်ရန်ဖြစ်လိုက်၊တွန်လိုက်နှင့်စီကားလှပေသည်။

ဆလိုင်းသည် အသိများက "ဘယ်တုန်းကပြန်ရောက်လဲ၊လက်ဖက်ရည်သောက်ရအောင်၊ na dam maw? စသဖြင့် နှုတ်ဆက်နေကြသည်။

အသိများ နှုတ်ဆက်ပြီး ဆလိုင်းသည် မိုင်တို့ဆိုင်ရှိရာ FBA အဆောက်အဦးအောက်ရှိ ဆိုင်ခန်းဆီသို့သွားရာ၊ မိုင့်ကိုမတွေ့ဘဲ သူ့ရဲ့ညီမတွေ့လိုက်ရာ၊ တော်တော်လေး အံ့ဪမိသည်။ "မိုင် ကော" လို့ စမေးချိန်မှာ မိုင့် ညီမက "ခဏနော် လက်ဖက်ရည် သွားယူလိုက်အုံးမယ်" ဆိုပြီး အလိုက်သိသိဖြင့်နှုတ်ဆက်ပြီး၊ ကို Aksing တို့ ဆိုင်သို့လက်ဖက်ရည်သွားယူဖို့ ထွက်သွားသည်။ ဆလိုင်းသည် "မိုင်ဘာများဖြစ်နေပါလိမ့်" ဆိုပြီး အတွေးပေါင်းများစွာနှင့် မိုင့်ညီမကိုစိတ်မရှည်စွာစောငိ့နေသည်။

မုန့်မျိုးစုံနှင့်လက်ဖက်ရည်ပူပူနွေးနွေးမလာပြီး၊ မိုင့်ညီမပါးစပ်ထဲကထွက်လာသော စကားလုံးတို့သည် ဆလိုင်းရဲ့နှလုံးသားကို ဓါးဖြင့်အစိတ်စိတ် လှီးလိုက်သလိုခံစားရသည်။ အရေးခင်းကြောင့် မိုင်သည်ဆလိုင်း ဆက်သွယ်မရသည့်အခါ၊ဆလိုင်းနှင့်ဝေးရာ CCOC (Chin for Christ in One Century) သသာနာ့ လုပ်ငန်းတွင် ၄နှစ်တာ ဘုရားအမှုထမ်းဖို့ ခရီးထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။ဘယ်တော့ပြန်တွေ့မည်မှာ မသေချာတော့ပေ။

ရက်တွေတဖြေးဖြေးကုန်လွန်ပြီး၊ စစ်အစိုးရ အာဏသိမ်းချိန်ရောက်လာသည်။ အခြေအနေ မဟန်တော့သည် မို့ဆလိုင်းလည်း India ဘက်တိန်းရှောင်ဖို့ပြင်ဆင်ခဲ့သည်။

October၅၊၁၉၈၈ ဖလမ်းမြို့ ရာသီဥတုတော်တော်လေး သာယာတဲ့နေ့လေးပါ။ခါတိုင်းလိုတိမ်တွေ‌လည်းမထူထပ်ဘူး။Vankau တောင်ကနေ မြို့ဖက်ကို လှမ်းကြည့်လိုက်တော့ ပန်းချီကားချပ်ပမာ ရူမညီးနိုင်လောက်အောင် လှပနေပါသည်။ မြို့ရဲ့ဂုဏ်ဆောင် Baptist ဘုရားကျောင်းလည်းအဝေးကနေပိုလှသလိုထင်ရ၏။

ဖလမ်းပြည်သူ့ဆေးရုံးကြီးရဲ့ Jeep ကားအဖြူ‌ေရာင်‌ေလးလည်း Dr. Akui ကြိုဖို့မြို့ထဲဘက် ဖုံတထောင်းထောင်းနှင့်သွားနေပြီး နောက်ကနေ ကလေး၃၊၄ယောက်ကပြေးလိုက်နေကြပုံကိုမြင်နေရသည်။ မွေးရပ်မြေဖလမ်းမှာ ဆလိုင်းဆက်နေခြင်သေးပေမဲ့ စစ်အာဏရှင်စနစ်ကြောင့် သိပ်ချစ်လှတဲ့ဒီမြေ‌၊မျုိးချစ်သူရဲကောင်း၊ပညာတတ်၊အနုပညာရုင်နှင့်နာမည်ကျော်များစွာမွေးထုတ်ပေးခဲ့တဲ့‌ေနရာ၊ ဆလိုင်းနှင့်မိုင်တို့‌ေပျာ်မြူးခဲ့တဲ့ ဖလမ်းမြို့လေးကိုမျက်ရည်တွေဝဲပြီး၊လေးလန်ပြီးမခွာခြင်‌သောခြေတောက်နှင့်အတူဆလိုင်းသည်ကျောင်းသားတချို့နှင့် Sunthla ရွာဘက်သို့ထွက်ခွာခဲ့သည်။

မှတ်ချက်။။ ဤဆောင်းပါးဖြင့်၁၉၈၈အရေးခင်းကြောင့်အမိ မြေကိုစွန့်ခါ လွတ်ရာသို့ထွက်ခွာ၍ စစ်အစိုးရကို‌‌ေတာ်လှန်ကြသော ကျောင်းသားနှင့်တော်လှန်‌ေရးရဲဘော်အားလုံးအား‌ေလးစားစွာဂုဏ်ပြုအပ်ပါသည်။

ဇာတ်သိမ်းပိုင်း (သို့) လမ်းတစ်ဝက်တွင်ရပ်တန့်သွားသောသမိုင်း....


Pisgah camp ပြန်ရောက်ခြင်းသည် ဒုက္ခသည်ဘဝ၌ပြန်နေခြင်းပင်ဖြစ်သည်။တစ်ဖက်တွင် လူအင်အားစု‌ေဆာင်းသည့်နေရာလည်းဖြစ်သည်။ ဤနေရာတွင် အထက်ကအမိန့် အရဆက်နေရအုံးမည်။ ဌာနချုပ်သည် Bangladesh, India နှင့်မြန်မာပြည် နယ်စပ်မှာရှိပြီး Champhai ကနေ ကားနှင့်ခြေလျင်ခရီးဖြင့် တစ်ပတ်လောက်သွားရသောခရီးဖြစ်သည်။
ဤနေရာတွင် မနက်တိုင်း သင်တန်းဆရာဖြစ်သကဲ့သို့ကျွန်တော်ဦးဆောင်ပြီး ကာယလေ့ကျင့်ခန်း လုပ်ရသည်။ ၃မိုင်လောက်မနက်တိုင်း Zotlang လမ်းမကြီးအပေါ်ပြေးကြသည်မှာကျန်းမာရေးနှင့် ညီညွတ်လှသည်။ ‌ပြေးပြီး၁နာရီလောက်ကာယလေ့ကျင့်ခန်း ပြန်လုပ်ပေးသည်။

အခြေခံစစ်သင်တန်းလည်း ဒီ camp မှာတစ်ခါသင်ပေးခွင့်ရခဲ့သည်။ တောတွင်းလို ကောင်းကောင်းသင်တန်းမပေးနိုင်ပေမဲ့ အမိန့်နာခံမှုရှိအောင်သင်ပေးခြင်းဖြစ်၍ မဆိုးလှပါ။
ဒီ camp မှာနေတုံးက တခါတလေ Champhai မြို့ထဲလည်ခွင့်‌ရှိသည်။ ခံစားရအခက်ဆုံးတစ်ခုကတော့ မြို့ထဲသွားလည်ပြီး မြန်မာပြည်ဖက်က မိတ်ဆွေဟောင်းတွေနှင့်တွေ့ပြီး၊ လက်ဖက်ရည်သောက်၊အတိတ်အကြောင်း၊အိမ်ဖက်သတင်း‌ေလးတွေ‌ေပြာကြရင်း၊ညနေစောင်းတွင် မီးထိန်ထိန်လင်း‌နေတဲ့ မြို့ထဲကနေ မီးမှောင်နေတဲ့ (သို့) ဖယောင်းတိုင်သာထွန်းထားတဲ့ မြို့အစွန်ကဒုက္ခသည်စခန်းသို့ပြန်ရခြင်းသည် မဖော်ပြတတ်လောက်အောင်ကိုခံစားရခက်လှပါသည်။
တစ်နေ့တော့ CNF Vice President ၏ညီမ၊camp သို့အလည်လာပြီး အားပေးစကား ပြောရင်းနှင့် အခြေအနေဆိုးဝါးဆင်းရဲလှသောငါတို့ နေထိုင်ပုံကြောင့် မဟန်ဆောင်နိုင်တော့ဘဲ အားလုံးရှေ့မှောက်မှာပင် အားရပါးရ ငိုကြွေးရှာသည်။ လူမျိုးနှင့်တိုင်းပြည်အတွက်သာ မဟုတ်လို့ရှိရင်တော့၊တော်ပြီငါမခံနိုင်၊မလုပ်နိုင်တော့ဘူးလို့ လက်လျှော့ရမည့် အချိန်တွေ မနည်းထိန်းရသည်။
၁၉၉၂ November အချိန်ရောက်လာသည်ဖြစ်၍၊ ဂီတာအ‌ေဟာင်း‌ေလးတစ်လုံးဖြင့် Christmas သီချင်းများ၊မီးပုံလေးနားမှာ ဆိုကြသည်မှာ အလွန်ပင်ပျော်စရာကောင်းသည်။ ည‌နေမှောင်ရီပျိုးချိန်၊Champhai မြို့ရောင်စုံ မီးလုံးလေးတွေ ထိန်ထိန်လေး လင်းနေချိန်များတွင် အိမ်ပိုပြီးသတိရမိတာအမှန်ပါ။ ဒီနှစ်နှင့်ဆိုရင် အိမ်ကိုစွန့်ခွာခဲ့တာ၅နှစ်မြောက်ဖြစ်သည်။
နေ့တိုင်း အထက်ကအမိန့်အတိုင်းအလုပ်လုပ်ပြီး၊ တစ်နေ့မှာတော့ အိပ်မက်မှာတောင် မမက်ရဲ၊မမက်ဘူးသော အာဏသိမ်းမှုဖြစ်ပွားကာ၊ ကိုယ့်အသက်အတွက်လုံခြံုမှုမရှိ‌ေတာ့သည့်အတွက် လူဦးရေတစ်ဝက်လောက် CNA/F မှနုတ်ထွက်ခဲ့ကြသည်။ အဲဒီနေ့လောက် ဝမ်းနည်းကျေကွဲပြီး ယောကျာ်းတန်မဲ့ ငါ အော်ဟစ်ငိုကျွေးခဲ့တာမရှိ။ ကိုယ့်တိုင်းပြည်နှင့်လူမျိုးအတွက်‌မက်ခဲ့‌ေသာအိပ်မက်များစွာနှင့်ပေးဆပ်ခဲ့သောအရာရာမှန်သမျှ၊သဲထဲရေသွန်သလိုဖြစ်သောနေ့ပင်ဖြစ်သည်။

India (သို့မဟုတ်) Pisgah စခန်းသို့


နာဂကောင်စီ၊အစာငတ်တဲ့‌နယ်‌ေမြတွင်၁နှစ်နီးပါးနေပြီး၊မပြီးသေးသော တော်လှန်ရေးခရီးစဉ် ဆက်ဖို့ အမိန့်ကျတဲ့နေ့သည် ဝမ်းသာလို့မဆုံးနိုင်ပါ။ဒါပေမဲ့ အသုတ်လိုက်နှင့်သာ သွားရမည်ဖြစ်၍ ကျန်ရစ်နေဉီးမည့် ရဲဘော်များအတွက်လုံးဝစိတ်မကောင်းပါ။ဒုတိယအသုတ်တွင် ငါ့အလှည့်ရောက်လာခဲ့သည်။
အစာခေါင်းပါးလွန်းသောနာဂကောင်စီသည် တသက်လံုးမဲ့လို့ရတော့မည် မထင်ပါ။ဤနေရာတွင် ဘဝသင်ခန်းစာ အများကြီးရရှိခဲ့သည်။ဗိုက်တထွာစာ၊ဘယ်လောက်အရေးကြီးကြောင်း နားလည်သဘောပေါက်ခဲ့သည်။ကိုယ့်အတွက် မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် ဆိုတဲ့အသိစိတ်က ခံနိုင်ရည်ပေးခဲ့သည်။
ကျွန်တော်တို့အဖွဲ့လည်း ဆောင်းရာသီနံနက်စောစော၊မြံုနှင်းတွေကို ထိုးဖောက်ပြီး India ဖက်ဦးတည်ကာ မပြီးသေးသောတော်လှန်ရေးခရီးကိုခြေလျင်ဖြင့်ဆက်နှင်ကြပြန်သည်။‌လက်နက်နှင့်ကျည်ဆံများသည် နယ်စမ်မှ India စစ်ကားများဖြင့်သယ်ယူပို့‌ေဆာင်ပေးသည်ကိုကြည့်ခြင်းအားဖြင့် ငါတို့ခေါင်းဆောင်များ၊‌ဘယ်လောက်တော်ကြောင်းခန့်မှန်းလို့ရသည်။သူတို့ကိုတကယ်ချီးကျုံးမိပေသည်။
နာဂလက်နက်ကိုင်များ၊လမ်းပြဉီးဆောင်ကြရာ၊အဆင်ပြေလှသည်။နာဂရွာတွေရောက်တိုင်း၊နာဂပြည်သူများ၏နာဂရဲဘော်များ ကူညီပံ့ပူးမှုသည် အံ့အော်လောက်အောင် အတုယူစရာကောင်းလှသည်။
ရွာလေးတွေရောက်တိုင်း ပြည်သူများအိမ်တွင် အိပ်စားကြရာ၊သူတို့ရဲ့ဟန်‌ေဆာင်မှုမပါ‌ေသာစေတနာအပြုအစုနှင့်ဂရုဏအကြည့်လေးတွေမေ့လို့ရလိမ့်မည်မဟုတ်ပါ။ခြေလျင်ဖြင့်ဘယ်လောက်ကြာခဲ့သည် မမှတ်မိတော့ပါ။နောက်ဆုံးတွင်ရွာတရွာ၊ bus ကားနှင့်သွားရမည့်နေရာရောက်ရှိခဲ့သည်။
ကားစီးရမည်ဖြစ်သောကြောင့် တောထဲကပါလာ‌ေသာဓါတ်ပုံ၊diary မှတ်တမ်းမှန်သမျှနှမျှောစွာထားခဲ့ရသည်။လမ်းတွင်စစ်‌ေဆးပါက၊သက်သာမည်မဟုတ်ပါ။ရဲဘော်ဆိုတော့အထက် အမိန့်မနာခံလို့မရပါ။
မနက်စာ အဝစားပြီး Churachadpur, India ဖက်သို့bus ဖြင့်ခရီးဆက်ကြရာ၊ကားမစီးရတာကြာပြီမို့၊ကားစီးရဝာာပျော်မှပျော်ပါ။သို့သော် လွတ်လွတ်လပ်လပ်တော့ မဟုတ်ပါ။သတိထားရသည်။တောခိုတာကြာပြီမို့၊ငါတို့အသားအရေနှင့်မျက်နှာသည်တော်တော်ကြမ်းတမ်း၍ သိသာထင်ရှားလှသည်။နှစ်ချီပြီးမှမြို့စတွေ့တဲ့နေ့မို့အလွန်ပီတိဖြာနေမိသည်။
ညနေစောင်းတွင် Churachadpur ရောက်ခဲ့သည်။ဤနေရာတွင် CNF ဌားထားသောအိမ်တစ်လုံးရှိရာ၊တစ်ညနားပြီး၊နောက်နေ့တွင်ခြေလျင်ခရီးဖြင့် Champhai (Pisgah) camp ရှိရဖက်သို့ခရီးဆက်ကြသည်။
လမ်းတွင်ဘယ်လောက်ကြာသည်တော့ မမှတ်မိတော့ပါ။ Zote ရွာတွင်မနက်စာစားကြရာ၊Champhai မြို့၊၁၉၈၈တုန်းကနေခဲ့တဲ့နေရာလည်း အဝေးကနေမြင်ရတော့၊စိတ်ထဲတမျိုးလေးခံစားမိသည်။ဆက်သွားကြရာ၊နေ့လည်ပိုင်းတွင် New Champhai Refugee Camp (သို့) Pisgah Camp ရောက်ခဲ့သည်။
ရဲဘော်ဟောင်း၊သစ်များနှင့်ပြန်ဆုံကြသည်။Camp သည် New Champhai မြို့အစွန်ရှိ‌၊ယိုယွင်းနေသောတိုက်အိမ်ပျက်ကြီး၊ပြတင်းပေါက်ကို ကုန်နီအိပ်များဖြင့်ကာထားသော အိမ်စုတ်ကြီးဖြစ်သော်လည်း တောတွင်းထဲ ဆူးနှင့်ကျောက်တုံးများကြားနေခြင်းနှင့်စာရင်တော့၊ငါ့အတွက်‌‌ေရွှနန်းတော်ပမာဖြစ်သည်။မိုးလုံလေလုံဖြင့်နားခွင့်ရတော့မည်ဖြစ်၍ဝမ်းသာမိသည်။

KIA စစ်မြေပြင်သို့ဒို့တိယအကြိမ်


ဒီတခေါက်သည် ပထမတိုက်ပွဲနှင့်မတူဘဲ မြန်မာစစ်သားများ၊အလစ်ပစ် ambush ဖြင့်ပစ်မည့်တိုက်ပွဲဖြစ်သည်။အချိန်သည် ကချင်ပြည်၏ရက်ဆက်လှသောမုတ်သုန်မိုးရာသီတွင်ဖြစ်၍ နေ့ညမနားစစ်ကြောင်းထွက်ရသည်။
ညသည်အလွန်မှောင်မဲလျက် လနှင့်ကြယ်များမြင်စရာလုံးဝမရှိ။ဖြတ်ကျော်ရသောတောလမ်းများသည် အလွန်ကျင်းမြောင်းပြီး ရွံ့ဗွေ့အပြည့်၊ဓာတ်မီးသုံးခွင့်မပြု၊အကြိမ်ကြိမ်ချောလဲ၊အကြိမ်ကြိမ်ပြန်ထကာ ambush လုပ်မည့်နေရာအရောက် အံကြိတ်ပြီးသွားရသည်။ ခရီးသည်အလွန်ကြမ်းတမ်းလှသည်။
ညသန်းခေါင်ကျော်တွင် နေရာယူရာမည့် တောင်ကုန်းကြီးသို့ရောက်ခဲ့ရာ commander ချပေးသည့်နေရာတွင် ဂတုတ်ကျင်းတူးပြီးနေရာယူကြသည်။မြန်မာစစ်သားများလျှေက်လာမည့်လမ်းဘက်ကိုမျက်နှာမူပြီး သေနတ်မောင်းတင်ကာ တိတ်ဆိတ်စွာအဆင်သင့်စောင့်နေကြသည်။ဒီလိုမျိုးကိုယ်ကျိုးစွန့်စစ်တိုက်ရတာ စိတ်ထဲကမဖော်ပြတတ်လောက်အောင်ပီတိဖြာနေမိတာအမှန်ပါ။
မနက်ပိုင်း၂နာရီအချိန်လောက်တွင် ရှေ့ဆုံးမှ သေနတ်စပစ်သံကြားသည်နှင့် တစ်ပြိုင်တည်း၊အားလုံးလမ်းမကြီးဖက်ကို ရည်ညွန်းပြီး ပစ်ကြသည်မှာ ကျည်ဆံများပျံသန်းနေသည့်ပမာ မီးတောက်လေးတွေ၊ကျည်‌ငွေ့အနှံ့၊ယမ်းခိုးများနှင့်တ‌ တောင်လုံး ဖုံးအုပ်ပြီးအလွန်ဆူညံလှသည်။စိတ်ထဲမှာ၊ရန်သူများ လုံံးဝလွတ်ဖွယ်လမ်းမရှိဟုထင်မိသည်။၅မိနစ်ကြာလောက် မရပ်တန်းပစ်ကြပြီးနောက်၊ပီပီ သံကြားပြီး အပစ်ရပ်ခိုင်းကာ၊နောက်ဆုတ်ဖို့ အမိန့်သံကြားပြီး၊အမြန်ထပြေး၊ဆုတ်ခွာရတော့သည်။
မိုးထဲလေထဲမနားတန်း‌ပြေးကြပြီး၊လုံခြုံသည့်နေရာရောက်မှ၊နောက်ဆုတ်ရသည့်အကြောင်းပြောပြသည်မှာ၊ ကျွဲတစ်ကောင်ကိုရန်သူထင်ပြီး point ပစ်သူကမှားပစ်သောကြောင့်ဆုတ်ခွာရခြင်းဖြစ်သည်။ နောက်တွင်သတင်းရသည်ကား ရန်သူများရောက်ခါနီးလေး၊သေနတ်သံကြားတာနှင့် ပြန်လှည့်ကြကြောင်းသိရသည်။ ညနားမည့်နေရာတွင် ကျွန်‌ တော်ကင်းစောင့်တာဝန်ပြန်ကြသည်။ မိုးကလည်းမစဲနိုင်။မိုးရွာထဲမိနစ်၃၀ အတွင်းထမင်းအပြီးစီးချက်စားရသည်မှာ အမိန့်ဖြစ်သည်။ကင်းစောင့်ရင်း၊ ခြင်နှင့်ဖြုတ်များအကိုက်ခံရသည်လည်းမလွယ်ကူလှပါ။
နောက်နေ့မနက်ခရီးဆက်ကြရာ၊နေကလေးထွက်လာသည်မို့ တော်သေးသည်။ လမ်းတော့တအားချောနေဆဲ။ ချင်းရဲဘော် အသက်အငယ်ဆုံး ၁၆ နှစ်သာရှိသော Sui Kung သည် ငှက်ဖျားတအားတက်ပြီး လမ်းမလျှောက်နိုင်တော့သဖြင့် အလှည့်ကျထမ်းရသည်။အလွန်ပင်ပန်းသော်လည်း၊သူ့ခင်ဗျားအားမငယ်အောင်အားပေးရသည်။ လမ်းတစ်လျှေက်လုံး မျှော့်တွေကလည်း ရှိသမျှသွေးတွေစုတ်ကြသည်မှာမလွယ်လှခြေ။
နောက်ည၊လမ်းညအိပ်သည့်နေရာ သန်းခေါင်ကျော်လောက်မှာ၊ Pa Luai က ငါ့ကိုလာနိုးပြီး Sui Kung ဆုံးသွားသည့် အကြောင်းလာပြောတော့ မထိန်းနိုင်ဘဲ အားလုံးငိုကြသည်။ မိုးသဲသဲလေးထဲ မြေတူးပြီး plastic မိုးကာလေးဖြင့်ရစ်ကာ သူ့အလောင်းကိုမြေမြိုတ်ရသည်မှာ မလွယ်ကူလှပါ။ သူသိပ်ချစ်သော သူ့လူမျိုးအတွက်အသက်စွန့်သွားသည်။ အဲဒီညဆက်ပြီးအိပ်လို့မရတော့ပါ။
ဤအခေါက်မှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း၊သင်တန်းမှာလည်းအတူစားအတူအိပ်၊ရဲဘော် Mawi Li Lian (U Mawilan)လည်း post ရောက်ပြီး ဆုံးသွားကြောင်းနောက်မှသတင်းကြားရသည်မှာ ဝမ်းနည်း ‌ကြေကွဲယူကျုံးမရဖြစ်ခဲ့သည်။ သူတို့ကဲ့သို့ ရဲဘော်ဘယ်နှစ်ယောက်အသက်စတေးရအုန်းမည်မှာမတွေးဝံ့စရာပါ။

KIA စစ်သင်တန်းကာလ





ချင်းစစ်သားအားလုံးအယောက်၇၂ဦးလောက်၊ မျှော်လင့်တောင့်တနေသော အခြေခံစစ်ပညာသင်တန်းကြီးသည် ၁၉၈၉ မတ်လတွင် စတင်သင်ကြားခွင့်ရခဲ့သည်။ သွေးဆူ နေသောလူငယ်လေးတွေမို့ အားလုံးနီးပါး ခံနိုင်ရည်ရှိကြပါသည်။
အကြမ်းအားဖြင့် မနက် ၅နာရီထ၊ကာယလေ့ကျင့်ခန်းလုပ်၊တနေကုန်နီးပါး စစ်ရေးပြသင်၊နေ့လည်ပိုင်းတွင်၁နာရီလောက်နား၊ညနေစောင်းတွင် တောထဲ၊တဲဆောက်ဖို့လိုအပ်သည့်အရာများနှင့်စားစရာ၊ထင်းများသယ်ယူကြသည်။အားလပ်သည့်အချိန်မရှိသလောက်ပင်။စစ်သင်တန်းသည် KIA သင်တန်းသား၂၀၀လောက်နှင့်အတူတူတက်ကြသည်။ညတွင် lecture များကြားနာလိုက်၊တော်လှန်ရေးသီချင်းများသင်လိုက်နှင့် ည၁၀နာရီမှနားရသည်။မောလားလို့မေးရင်တော့ စိုင်းထီးဆိုင်သီချင်းလို "မောတော့မောတာပေါ့၊ဒါပေမဲ့မမောဘူးလို့" ဖြေခြင်သည်။
တစ်နေ့ထမင်း၂နပ်သာစားရသည်။ထမင်းဖြူနှင့်ရေနွေးသာဖြစ်ပြီး၊ဆားပါလို့ရှိရင် ဝမ်းသာလို့မဆုံးပါ။၂လခွဲသင်တန်းအတွင်းအသား၃၊၄ခါလောက်စားရသည်ပင် ဝမ်းသာလို့မဆုံးနိုင်ပါ။ထို့ကြောင့်တောထဲသွားချိန်များတွင်၊စားလို့ရတဲ့သစ်ရွက်မှန်သမျှလိုက်ရှာကြရသည်မှာ ပုံမှန်ဖြစ်သည်။
သင်တန်းတက် နေတုန်းအပျော်ဆုံးအချိန်များသည် ညနေပိုင်း ဘောလုံးကစားချိန်ဖြစ်သည်။သင်တန်းမှုး Zaw Phang သည် သဘော်ကောင်း၊ကိုယ်ကာယကြီးထွားပြီး၊အားကစားတော်တော်လေးဝါသနာပါသူဖြစ်သည်။ ကျွန်တော်တို့ထဲတွင်လည်း ဘောလုံးသမားမြို့နယ်ပြန်၊တိုင်းပြန်တွေရှိနေတော့၊ဌာနလိုက်မှာ Nawrapa စစ်သင်တန်းဌာနသည်အကောင်းဆုံးအသင်းဖြစ်ပြီး၊ကျွန်တော်တို့မျက်နှာသာရသည်မှာအမှန်ပင်ဖြစ်သည်။သင်တန်းမှုးကလည်းငါတို့ကို သူ့‌သွေးသားရင်းလိုပမာချစ်ခင် ဂရုစိုက်ရှာသည်။
ညသန်းခေါင်ယံ အိပ်ကောင်းနေတုန်း "စစ်တန်းထိုး" ဆိုပြီပီပီမှုတ်ကာ သင်တန်းသားအားလုံး အမှောင်ထဲပြန်တန်းစီခိုင်းတာတွေ ကြုံတုန်းကတော့ တော်တော်လေး ခက်ခဲပေမဲ့ နောက်ပိုင်းတွင် အချိန်တိုင်းသတိဖြင့်နေနိုင်ရန် အထောက်အကူပြုခဲ့သည်။
ဓာတ်ပုံ၊ Major Dr. Laja (KIA) နှင့်ဇနီး၊Nawrapa သင်တန်းကွင်းတွင်ချင်းရဲဘော်တစ်ချို့နှင့်အတူ၊တချိန်တုန်းက၊တဘဝ....