၁၉၈၈ ကျောင်းသားအရေးအခင်းကြောင့် အင်းစိန်ထောင်စံမြန်းခဲ့၊ အဲဒီတုန်းက စစ်အာဏာရှင်ရက်စက်ကြမ်းကျုပ်မှု၊ တွေးမိတိုင်းငိုမိခဲ့။
၁၉၉၁ စစ်ပညာသင်ပြီး KIA ကချင်ပြည်မှ အပြန် ဦးဒုချောင်းတလျှောက်ဖြတ်သန်းချိန် ခြေဖဝါးသဲဝဲစား ခံရတော့ နာကျင်လွန်းလို့ ယောကျာ်းတန်မဲ့ မျက်ရည်ကျခဲ့။
၁၉၉၇ India မှ USA သို့ထွက်ခါနီးချိန်၊ ထိမ်းမြှားစ ချစ်ဇနီးချော်လေးနှင့်ခွဲရမှာမို့၊ မျက်ခွက်တွေ ယောင်လောက်အောင် အားရပါးရ ငိုခဲ့ရ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စစ်တပ်ရက်စက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူများရဲ့အလောင်းတွေ online ကနေ မြင်ပြန်တော့ ငိုရပြန်တယ်။
၂၀၁၃၊ နှစ် ၂၅ ကြာမှ မွေးရပ်ဌာနီ၊ ဖလမ်း ပြန်ရောက်တဲ့ည၊ ခြောက်ကပ်လှတဲ့ အဖေ့အိမ်အိုကြီးနှင့် အမှောင်ထုထဲ၊တစ်ယောက်တည်း၊ ရှိုက်ကြီးတညှင် ငိုယိုခဲ့။
၂၀၂၀ မတ်လ COVID-19 ကြောင့် ဒို့ဘုရားကျောင်းကြီး ခြောက်ကပ်ကပ် ဖြစ်နေချိန်၊ မထိန်းနိုင်တဲ့ မျက်ရည်ကျပြီး၊ တိတ်တိတ်လေးငိုရှိုက်ခဲ့။
၂၀၂၁ ဖေဖော်ရီလ ၁ရက်နေ့၊ စစ်အာဏာရူးများ တစ်ဖန်သောင်းကျန်းလာတော့၊ ဒေါသအိုးပေါက်ကွဲကာ၊ ဒေါသမျက်ရည်ကျပြန်။
၂၀၂၅၊ မွေးရပ်မြေ ဖလမ်းမြို့နယ်၊ တော်လှန်ရေးအမည်ခံသူခိုးဓားပြများ အငိုက်ခံရတော့၊ ငိုဘို့မျက်ရည်ပြင်မရှိတော့ပါ။ မျက်ရည်ခမ်းခြောက်ကုန်ပါပြီ။
အိုး အဖဘုရားသခင်၊ ဒီမျက်ရည်လေးတွေ စုပေးပြီး၊ တနေ့နေ့ အောင်ပွဲမျက်ရည်နှင့်ကောင်းကြီးမျက်ရည်လေးတွေ ဖြစ်စေတော်မူပါမည့်အကြောင်း။ ။ အာမင်။ ။
No comments:
Post a Comment