Wednesday, June 30, 2021

 

Rallokap kan rak do, kan rak kap

Mah le tlin tawkin

Thisen a luang

Nunnak kan thap….

 

Kum 30 lenglo rei hnu…

Rallokap pawl an hrang lala

Nonawn pawl tla

Nunnak thap in….

 

Mah le caan cio

Dungsip loin, ralhrang hmuah

Neihmi hriamhrei le theihtawp suahin

Ci mit uh si law….

Wednesday, May 19, 2021

အားပေးချင်ပါတယ်



စစ်အစိုးရစံနစ်ဆိုးကြီးကို အမြစ်ကနေဖြုတ်ပစ်ဖို့ တော်လှန်ရေးလုပ်ကြရာဝယ် အခက်အခဲမျိုးစုံကြုံလိမ့်မည်။ ကြုံနေဆဲလည်းဖြစ်သည်။ သို့သော်အားတင်းထားကြစို့။ ပန်းတိုင်ရောက်လုနီးပြီ။

တောထဲတောင်ထဲ စစ်သင်တန်း တက်နေကြတဲ့ G-Zလေးတွေ အားတင်းထားကြ။ ကျနော်သိတယ်၊ G-Z အများစုက အလုပ်ကြမ်းမလုပ်ဖူးတဲ့သူတွေ၊ အများအားဖြင့် ‌ဘောလ်ပင်လေးနှင့်စာအုပ်သာ ကိုင်ပြီး ‌နေလာကြတဲ့သူတွေပါ။ မင်းတို့ရဲ့တိုင်းပြည်နှင့်လူမျိုးအတွက်ပေးဆပ်မှုဟာ အလွန်မွန်မြတ်လှတဲ့ပေးဆပ်ခြင်းပါ။
မင်းတို့လိုဘဲလွန်ခဲ့တဲ့ နှစ်၃၀ကျော် ၁၉၈၈တုန်းက မင်းတို့ရဲ့အဖေအမေအရွယ် G-Xတွေကလည်း ‌အသက်နှင့်ရင်းပြီးပေးဆပ်ခဲ့ကြတယ်။
အိမ်မှာဆိုရင် တူတောင်မကိုင်ဖူးတဲ့လက်ကနေ သေနတ်ကိုင်ခဲ့ကြတယ်။ တောထဲမှာ မိုးရာသီဆိုရင် ခြင်၊ဖြုတ်၊မျှော့တွေရဲ့သွေးစုတ်မှုရည်ရည်လည်လည်ခံခဲ့ရတယ်။ နာဂနယ်မြေမှာတနှစ်နီးပါး စားစရာမရှိ၊ အစာငတ်လို့ ဌက်ပျော်ပင်တွေဘဲစားလိုက်ကြတာ၊ မစင်တောင် ဝက်မစင်နှင့်ပင်သွားတူတော့သည်။ ဝက်များသည် လူ့မစင်ကိုစားလေ့ရှိသော်လည်း ကျနော်တို့၏မစင်သည် ဝက်မစင်နှင့်သွားတူနေတော့ ဝက်တွေပင်မစားချင်ကြပါ။
ကျနော်တို့အသားအရေသည်လည်း မြွေအရေခွန်နှင့်ပင်သွားတူတော့သည်။ ဌက်ဖျား၊ ထုန်ရောဂါ၊ ယားနာ မျိုးစုံနှင့်လည်း နပန်းလုံးရတာလည်းအမော။ သို့သော် အဲလိုချိန်မျိုးမှာ စိတ်ထဲပေါ်လာသည်က ဒါတွေအားလုံးသည် တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်ခြင်းဖြစ်သည်ဆိုတဲ့ အသိတရားလေးဝင်လာတာနှင့် ပိတိဖြာကာခံနိုင်ရည်ရှိခဲ့သည်။
ထိုနည်းတူဒီနေ့ တွင် ပေးဆပ်မှုပေါင်းစုံ၊ နည်းလမ်းအမျိုးမျိုးနှင့်တိုက်ပွဲဝင်နေကြသောသူများ၊ အသက်စွန့်တိုက်ပွဲဝင်ကြသောသူရဲကောင်းများ၊ CDM သူရဲကောင်းများ၊ ထောင်ထဲရောက်နေသောမျိုးချစ်ခေါင်းဆောင်များ၊ တောခိုလက်နက်ကိုင်သော တော်လှန်ရေးသမားအားလုံးအား အားပေးချင်ပါသည်။ မင်းတို့အားလုံးရဲ့အနစ်နာခံခြင်း၊ ပေးဆပ်ခြင်းများကြောင့်ဒို့ပြည်ကြီးလည်းစစ်အာဏာရှင်စံနစ်ဆိုးအုပ်ချုပ်မှုလက်အောက်မှလွတ်မြောက်တော့မှာပါ။
အရေးတော်ပုံအောင်ရမည်မှာ မုချဧကန်မလွဲပါ။
တိုက်ပွဲဝင်ရဲဘော်အားလုံးကိုလေးစားလျှက်။

Tuesday, May 18, 2021

သတ်ဖြတ်တယ်
မီးရှို့တယ်
လုယူတယ်
ဖျက်စီးတယ်
ခြိမ်းခြောက်တယ်
လိုက်ဖမ်းတယ်
ညှင်းပန်းနှိပ်စက်တယ်
မတရားအမှုဖွင့်တယ်
သေဒဏ်ပေးတယ်
သို့သော်စစ်ခွေးတွေ
မအောင်မြင်ပါ
စစ်ခွေးတွေရှုံးနေပါပြီ
စစ်ခွေးတွေလုပ်နိုင်တာကုန်သွားပြီ
ဒို့တတွေပန်းတိုင်ရောက်ခါနီးပြီ
အားတင်းကြစို့ရဲဘော်တို့
ပွဲသိမ်းဘို့မဝေးတော့ပါ
အရေးတော်ပုံအောင်မြင်နေပါပြီ။

ပျောက်ကြားစနစ်တွင်စဉ်းစားရမည့်အချက်များ


၁) ပျောက်ကြားစနစ်သုံးရခြင်းသည် လူအင်အားလက်နက်အင်အားမမျှသောကြောင့်သုံးရခြင်းဖြစ်သည်။ ထို့ကြောင့်ပိုပြီးသတိထားရမည်။
၂) ထိုးစစ်မစခင်၊ plan A,B,C ပိပိရိရိရှိရမည်။ Plan A မဖြစ်မြောက်ခဲ့ရင် B, B မအောင်မြင်ရင် C ဆိုပြီးဇာဝေဇာဝါမဖြစ်အောင်ကြိုတင်စီမံရမည်။
၃) ထိုးစစ်ဆင်မည့်ရည်ရွယ်ချက် သိရှိနားလည်ရမည်။ ထိုးစစ်မအောင်ခဲ့သည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ရလဒ်ဘာဖြစ်မည်ကိုကြိုတင်သိဘို့လိုသည်။
၄) ပျောက်ကြားထိုးစစ်ဆင်ခြင်းဖြင့် ပြည်သူအတွက်ဘယ်လောက်ထိ အကျိုး၊ ဆိုးကျိုးခံစားရမည်ကို ကြိုတင်တွက်ဆဘို့လိုသည်။
၅) ကိုယ့်ဘက်ကဒဏ်ရာရသူများအတွက် ဆေးဝါးလုံလုံလောက်လောက်ရှိရမည်။ ဆေးဆရာရှိရင်ပိုမိုအဆင်ပြေသည်။ ‌
၆) ပျောက်ကြားထိုးစစ်ဆင်ခြင်းဖြင့် ရေရှည်ရေတို ဆိုးကျိုး၊ ကောင်းကျိုးများကြိုတင်ကြိုမြင်နိုင်ရမည်။
၇) ခေါင်းဆောင်၏အမိန့်ကို ကောင်းကောင်းနာခံရမည်။
၈) ပုန်းခိုရမည့်နေရာစခန်း လုံခြုံသည့်နေရာ ရှိကိုရှိရမည်။
အရေးတော်ပုံအောင်ရမည်။
ပျောက်ကြား (Guerrilla warfare) raldo tikih theih ṭulmi tete
1. ပျောက်ကြား ih raldo a ṭulnak cu hramhrei le mipum bangawklo ruangah a si tlangpi. Curuangah ralring zet a ṭul.
2. Ral kan va do hlanah plan A, B, C tin felfai ten neihcia ṭhepṭhep a ṭul. Plan A hlawhtling lole plan B, B tlawhsam thotho le C tin buaibai lo dingin neih cia ding.
3. Ziang ruangah ral kan va kap zik timi theihfiang ding. Kan neh ah siseh, kan sungah siseh, ziangvek dinhmun ah kan um thei timi theih cia tum ding.
4. Himi kan ral kapnak ruangah mipi hrangh ziangtluk in ṭhathnemnak le ṭhatlonak a um timi ruah cia ding.
5. Hliamhma a ngahmi pawl hrangah siivai ṭha tawk tak neih cia a ṭul. Siilam thiam neih thei le a ṭha sinsin.
6. Himi do awknak ruangah caan tawite le caan saupi hrangah ziangtluk ṭhatnak le ṭhatlonak a suahpi ding timi ruat cia a ṭul.
7. Hotu ih thupek ṭha ten thlung tengteng ding.
8. Relhnak ding hmun ṭhate le a himnak hmun neih tengteng ding.
Kan neh tengteng ding!

Thursday, May 6, 2021

 အရင်တုန်းက သူတို့အခေါ် ရောင်စုံသူပုန်

အပေါ်စီးပြီး ဆက်ဆံခံရတဲ့၊ ဘာတဲ့ "တိုင်းရင်းသား"တဲ့

သူတို့အနိုင်ကျင့် ခံခဲ့ရတဲ့ တိုင်းရင်းသား
ပြည်သူများ အထင်လွဲခံရတဲ့ လက်နက်ကိုင်

အစိုးရစိတ်ကြိုက် စော်ကားခံရတဲ့ တိုင်းရင်းသား
တန်းတူဆက်ဆံခြင်း မခံစားရတဲ့ တိုင်းရင်းသား

အခုတော့ မျက်စိ၊နားပွင့်ကြပြီပေါ့
သူတို့ပေးတဲ့အမည် ဒီတိုင်းရင်းသား
ရောင်စုံသူပုန်၊ သောင်းကျန်းသူများ သာမရှိခဲ့ရင်
ဒီတော်လှန်ရေကြီးး ဘယ်ပုံဘယ်နည်း ဖြစ်မည်မှာ
မတွေးဝံ့စရာပါ။

သူတို့အပေါ်စီးပြီး ဆက်ဆံခဲ့တဲ့ တိုင်းရင်းသား
သူတို့စော်ကားခဲ့တဲ့ ရောင်စုံသူပုန်
သူတို့ခွဲခြား ဆက်ဆံခဲ့တဲ့ သောင်းကျန်းသူ
သူတို့ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့လက်နက်ကိုင်များရဲ့
ကျေးဇူးကို ပြည်သူတို့ မမေ့ကြစို့နဲ့နော်။

ကျေးဇူးတင်ပါတယ် တိုင်းရင်းသား၊ရောင်စုံသူပုန်၊သောင်းကျန်းသူနှင့် လက်နက်ကိုင်တို့ရေ။
ဆက်လက်သောင်းကျန်းနိုင်ကြပါစေ။
အရေးတော်ပုံအောင်ရမည်။

အရိုင်းမြေမှ တူမီးယမ်းငွေ့များ

 


ဘိုးဘွားခေတ်မှ သတ္တိအပြည့်

ရွှေဂျိုးဖြူမင်းသားဦးဆောင်ကာ

နယ်ချဲ့တွေ ခက်ခက်ခဲခဲနောက်ဆုံးမှသိမ်းပိုက်နိုင်တာ
အရိုင်းမြေ ချင်းတောင်ပါ။
အဲလိုခက်ခဲစွာ တိုက်ခိုက်ရတာဟာ
အရိုင်းမြေမှ ရဲရဲတောက်သူရဲကောင်းများနှင့်ချင်းရိုးရာတူမီး‌သေနတ်ကြောင့်ပါ။
၂၁ရာစု၊ လက်နက်အပျံစားတွေ လက်မြှောက်အရှူံးပေးရတာလည်း ဒီအရိုင်းမြေမှတူမီးသေနတ်ကြောင့်ပါ။
စစ်ခွေးများခွေးပြေးဝက်ပြေး ပြေးရတာလည်း ဒီတူမီးလေးကြောင့်ပါ။
အရိုင်းမြေမှသတ္တိ
အရိုင်းမြေမှတူမီး
အရိုင်းမြေမှာယမ်းငွေ့များ
အရိုင်းမြေမှ လူရိုင်းလေးများ
စစ်အာဏာရှင်စံနစ်ကျဆုံးသည်ထိဆက်လက်ရိုင်းနိုင်ကြပါစေ။
အရေးတော်ပုံအောင်ရမည်။

Thursday, April 29, 2021


 

Falam nikhua sia caan

Khua a ri, ruah a tak

Meisa a siat, khua a thim

Khua a dai, khua a sik..

Rinlopi’n, mithlamah na rak lang

Zohman, theihpi loin, lung a leng

Liamcia caan ih, Kawl tlawng zin ..

Fur caanih, nithawng in zawn lai te..

Mitthlam ah a caam, kokir thei si lo…

Ka lo ngai, ka lo hngilh dahlo ka U duhtak!